#Local_News
Published - 26 September 2022

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အမှုများထဲမှ ရဟတ်ယာဉ်အမှုများကို ယနေ့ စက်တင်ဘာလ ၂၆ ရက်က နေပြည်တော်အကျဉ်းထောင် အထူးတရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်က ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆဲ ဖြစ်သော ရဟာတ်ယာဉ်အမှုကိစ္စနှင့်ပတ်သက်၍ အမှုအမှတ် ၄၇ နှင့် ၄၈ တို့အတွက် တရားလိုပြသက်သော ယခင်လူကယ်ပြန်က ဒုတိယအမြဲတမ်းအတွင်းဝန် ဦးနေဝင်းအား စစ်ဆေးခဲ့ကာ ယနေ့တွင်လည်း ဦးနေဝင်းအားထပ်မံ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

"ဒီနေ့က ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့ အမှုအမှတ် ၄၉ နဲ့ ၅၀ ကို စစ်တယ်။လိုပြသက်သေ ဦးနေဝင်း ကို စစ်တယ်။ မနက်ဖြန်မှာတော့ လိုပြသက်သေ နောက်တစ်ယောက်ကို စစ်မှာပါ။ ဦးနေဝင်းကို စစ်တာပြီးသွားပြီ"ဟု တရားရုံးနှင့် နီးစပ်သူက YMG ကို ပြောသည်။

 

လာမည့် စက်တင်ဘာလ ၂၉ ရက်တွင် သြစတေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်နှင့် ပူးတွဲအမှုဖြစ်သည့် အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁) (ဂ)/၉ (အားပေးကူညီမှု) နှင့် ပတ်သက်၍လည်းအမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့်အမှုများအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ ကို ချမှတ်ခံထားရပြီး ဖြစ်သည်။

 

#ymg/mt
#Yangon_Media_Group