#Local_News
Published-26 August 2022

လက်ရှိ ၁၆ ပဲရည်မီးလင်းအခေါက်ရွှေ တစ်ကျပ်သား၏ ပြင်ပပေါက်ဈေးသည် ကျပ် ၂၇ သိန်းအထိရှိနေကြောင်း ရန်ကုန်ရွှေဈေးကွက်မှ သိရသည်။

 

အလားတူ ၁၅ ပဲရည်ရွှေတစ်ကျပ်သား၏ ဈေးနှုန်းမှာလည်း ကျပ် ၂၃ သိန်းကနေ ၂၄ သိန်းကြားပေါက်ဈေးရှိနေကြောင်း၊ ယနေ့သြဂုတ်လ ၂၆ ရက်နေ့မနက်ပိုင်းတွင် ရန်ကုန်ရွှေအသင်း၏ ထုတ်ပြန်ထားသည့်ဈေးနှုန်းမှာ သိန်းနှစ်ဆယ် ငါးသောင်းငါးထောင်သာရှိကြောင်း သိရသည်။

 

ပြင်ပရွှေဈေးကွက်၌ ဈေးနှုန်းမြင့်တက်နေသော်လည်း အရောင်းအဝယ်မှာ အေးနေကြောင်း ရွှေအရောင်းဆိုင်များ၏ ပြောပြချက်အရ သိရသည်။ ယင်းအပြင် တစ်ဦးချင်းအရောင်းအဝယ်လုပ်နေသည့် ဈေးကွက်တွင် ဒေါ်လာငွေလဲနှုန်းသည် ၂၉၀၀ ကျော်ပေါက်ဈေးရှိနေကြောင်း သိရသည်။

 

ဒေါ်လာဈေးမြင့်တက်နေခြင်းကြောင့် ရွှေဈေးနှုန်းမြင့်တက်နေသလို ဈေးကစားသူများကြောင့်လည်း ရွှေဈေးနှုန်းသည် မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် ရန်ကုန်ရွှေအသင်းအနေဖြင့် တရားမဝင်ရွှေရောင်းချသူများ မရှိစေဖို့အတွက် ဈေးကစားခြင်းမပြုစေရန် ရည်ရွယ်ပြီး မီးလင်းရွှေအတုံးအခဲ အရောင်းအဝယ်ပြုလုပ်သူတွေကို လိုင်စင်ပြုလုပ်ရန် ပြီးခဲ့တဲ့မေလက အသိပေးညွှန်ကြားထားသည်။

 

Ymg/STH
#Yangon_Media_Group