#Local_News
Published _ 26 August 2022

 

မြန်မာနိုင်ငံကို ကမ္ဘာလှည့် ပြည်ပခရီးသွားတွေ စတင်လည်ပတ်ခွင့်ပြုခဲ့တဲ့အချိန်မှစ၍ ၃ လအတွင်း Touris Visa နှင့် ပြည်ပခရီးသွား ၃၆၀၀ ကျော် ဝင်ရောက်မှုရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

မြန်မာနိုင်ငံသို့ Touris Visa နှင့် ပြည်ပခရီးသွားဝင်ရောက်မှုကို မေလ ၂၀ ရက်ကစတင်ခွင့်ပြုပေးခဲ့ပြီး မေလ ၂၄ ရက်မှာတော့ ပြည်ပခရီးသွားများ စတင်ဝင်ရောက်ခဲ့သည်။

 

ယင်းကဲ့သို့ ဝင်ရောက်လာခဲ့ရာ၌ မြန်မာနိုင်ငံသို့ သုံးလအတွင်း နိုင်ငံပေါင်း ၆၅ နိုင်ငံက ကမ္ဘာလှည့်ခရီးသွား ၃၆၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံကို ဗီဇာမျိုးစုံဖြင့် ဝင်ရောက်ရာမှာ အချို့က စီးပွားရေးလုပ်ငန်းများနှင့် လာရောက်ကြပြီး အချို့မှာ အလည်အပတ်ခရီးအနေနှင့် လာရောက်ကြခြင်းဖြစ်ကာ လာရောက်သူများထဲ၌ တရုတ်နိုင်ငံက အများဆုံး ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်းသို့ ဝင်ရောက်လာသည့် ပြည်ပခရီးသွားတွေအနေနှင့် လစဉ်တိုးတက် လာသည့် အနေအထားရှိပြီး ပွင့်လင်းရာသီ၌ ပိုမိုဝင်ရောက်လာနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

 

Touris Visa ဖြင့် လာရောက်လည်ပတ်သူ အထဲမှာ ထိုင်းနိုင်ငံက အများဆုံးဖြစ်ပြီး အချို့နိုင်ငံများမှာ Business Visa နှင့် လာရောက်တာများကြောင်း သိရသည်။

 

မြန်မာနိုင်ငံကို ဗီဇာမျိုးစုံနှင့် ဝင်ရောက်သည့် အထဲ၌ တရုတ်မှ ၆ ထောင်ကျော်၊ ထိုင်းမှ ၃ ထောင်ကျော်၊ အိန္ဒိယ ၃ ထောင်ကျော်၊ ကိုရီးယား ၂၃၀၀ ကျော်၊ ဂျပန် ၁ ထောင်ကျော်၊ မလေးရှား ၁၂၀၀ ကျော်၊ ဗီယက်နမ် ၁ ထောင်ကျော်၊ ထိုင်ဝမ် ၁ ထောင်ကျော်၊ စင်ကာပူ ၉၈၀ ကျော်နှင့် အမေရိကန်နိုင်ငံမှ ၉၀၀ ကျော် ရှိကြောင်း သိရသည်။

 

လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်နှစ်ခုကိုလည်း ပြည်ပလေကြောင်းလိုင်းတွေ ပုံမှန်ဆိုက်ရောက်နေပြီး မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှလည်း ပြည်ပခရီးသွားများ ဝင်ရောက်ပြီ ဖြစ်ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group