Published 20 Aug 2022

(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲမှာ ဆုတံဆိပ်တွေရရှိခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများ၊နည်းပြများနှင့်အုပ်ချုပ်သူတွေကို  ရရှိတဲ့ ဆုတံဆိပ်များအလိုက် စုစုပေါင်းကျပ်ငွေသိန်းတစ်သောင်းကျော် ကို ယနေ့ ဩဂုတ် ၂၀ရက်နေ့မှာ အခမ်းအနားနှင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

(၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်  ဆုတံဆိပ်ရရှိခဲ့တဲ့ မြန်မာ  မသန်စွမ်းသူများ  အားကစားအဖွဲ့အား နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ဩဂုတ် (၂၀)ရက်က နေပြည်တော် ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ တွင် ကျင်းပရာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် အမှာစကားပြောကြားပြီး ဆုတံဆိပ်ရရှိခဲ့တဲ့ အားကစားသမား တစ်ဦးချင်းကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ပေးခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ယခုနှစ် ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၆ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ၁၁ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံဟာ ရွှေ ၁၄ ခု၊ ငွေ ၁၂ခုနှင့် ကြေး ၁၇ ခုစုစုပေါင်း ဆုတံဆိပ် ၄၃ ဆုရရှိပါတယ်။ နိုင်ငံပေါင်း ၁၁နိုင်ငံယှဉ်ပြိုင်ရာမှာ အဆင့် (၆)ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှ အားကစားသမား ၆၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ရွှေတံဆိပ်ဆုရသူတစ်ဦးလျှင် ကျပ်သိန်း ၃၀၀၊ငွေတံဆိပ်ဆုရသူတစ်ဦးလျှင် ကျပ်သိန်း ၂၀၀ ၊ကြေးတံဆိပ်ရသူတစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ၊  အသင်းလိုက်ရွှေတံဆိပ်ရလျှင် တစ်ဦးချင်းစီကို ကျပ်သိန်း ၁၀၀စီ၊ ငွေတံဆိပ်ရလျှင် ကျပ်သိန်း  ၇စီ၊ ကြေးတံဆိပ်ရလျှင် ကျပ်  ၃၅သိန်းစီ၊   နည်းပြများအတွက် ရွှေတံဆိပ်ဆုရအားကစားအတွက်နည်းပြကို ကျပ်သိန်း  ၁၀၀၊ ငွေတံဆိပ်ဆုရလျှင် ကျပ်သိန်း ၅၀နှင့် ကြေးတံဆိပ်ဆုရလျှင် ကျပ်သိန်း ၃၀ ၊ အုပ်ချုပ်မှုအဖွဲ့ကို ရွှေတံဆိပ်ဆုရလျှင် ကျပ်သိန်း၁၀၀၊ငွေတံဆိပ်ဆုရလျှင် ကျပ်သိန်း ၅၀နှင့် ကြေးတံဆိပ်ဆုရလျှင် ကျပ်သိန်း ၃၀ စီကို ချီးမြှင့်ခဲ့ပြီး စုစုပေါင်း ချီမြှင့်ငွေမှာ ကျပ်သိန်းပေါင်း ၁၀၀၆၀ ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

YMG/knl

#ASEAN_Para_Games

#Myanamar_Para_Games