#Local-News
Published - 8 August 2022

 

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၆ဦး ထပ်မံအဖမ်းခံရကြောင်း သိရသည်။

 

အဆိုပါ အလုပ်သမားများသည် အလုပ်လုပ်ရန်အတွက် ပွဲစားများနှင့် ချိတ်ဆက်ပြီး တရားမဝင် ဝင်လာသည့် မြန်မာလုပ်သားများ၊ အလုပ်သမားပွဲစားများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖမ်းဆီးခံနေရ သော်လည်း တရားမဝင် ဝင်လာသူတွေ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

 

ဩဂုတ် ၇ ရက် မနက်အစောပိုင်းတွင်လည်း တရားမဝင် ဝင်လာသည့် မြန်မာလုပ်သား ၁၆ ဦးကို ချင်းမိုင်ခရိုင်၊ မယ်ဆိုင်မြို့အခြေစိုက် အမှတ်-၃ မြင်းတပ်ရင်းအထူးတပ်ဖွဲ့က လုံခြုံရေးကင်းလှည့် နေချိန် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးခံရသူများသည် ဘန်ကောက်မြို့တွင် အလုပ်လုပ်ရန် ထိုင်း-မြန်မာနယ်စပ်ကနေ တောလမ်း၊ ရေလမ်းကြောင်းတွေက တစ်ဆင့် ထိုင်းနိုင်ငံထဲ ဝင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံထဲသို့ တရားမဝင်ဝင်ရောက်သည့် အလုပ်သမားများကို တစ်လထက်မကျော် အချုပ်ထောင်ထဲမှာနေရကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group