#Local_News
Published_2 August 2022

 

ထိုင်းနိုင်ငံသို့ တရားမဝင်လာရောက်သည့် မြန်မာနိုင်ငံသား ၁၀ ဦးနှင့် ယင်းတိုကိုတင်ဆောင်မောင်းနှင်လာသည့် ချင်းမိုင်ခရိုင်ဒေသခံ အိုက်ဟွမ် အမည်ရှိ ယာဉ်မောင်းတစ်ဦးအား ထိုင်းနိုင်ငံ အမြန်လမ်းရဲတပ်ဖွဲ့က အယုဒ္ဓယခရိုင်အဝင် အာရှလမ်းတွင် သြဂုတ်လ (၁) ရက် ညပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

 

အရှိန်မြှင့်မောင်းလာသော အဆိုပါယာဉ်ကို သံသယဖြစ်၍ လှည့်ကင်းပြုလုပ်‌နေသော အမြန်လမ်းရဲတပ်ဖွဲ့က တားစီးစစ်ဆေးစဉ် ယင်းတို့ကို ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

 

အဲဒီအလုပ်သမားများမှာ တာချီလိတ်မြို့ဘက်မှ တောလမ်းကြောင်းသုံးပြုပြီး ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ဘက်သို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ပွဲစားခအဖြစ် တစ်ယောက်လျှင် ဘတ် ၁၅၀၀၀ စီပေးဆောင်ရကြောင်းနှင့် လိုက်ပါပို့ဆောင်သည့် ယာဉ်မောင်းအား ပို့ဆောင်ခတစ်ဦးလျှင် ဘတ် ၄၅၀၀ ပေးရကြောင်း သိရသည်။

 

လက်ရှိတွင် အဆိုပါ အဖမ်းခံရသူများအား အယုဒ္ဓယခရိုင် မဟာရတ်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်းနှင့် ထိုင်းနိုင်ငံဆိုင်ရာ ပြဌာန်းဥပဒေများနှင့်အညီ ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group