#Local_News
Published -2 August 2022

 

မြန်မာနိုင်ငံရှိ အလုပ်အကိုင်အခွင့်အလမ်းများသည် ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်း ၁ ဒသမ ၁ သန်း လျော့နည်းသွားကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။

 

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) အနေဖြင့် မြန်မာနိုင်ငံရှိအလုပ်အကိုင်များနှင့် ပတ်သက်၍ အစီရင်ခံစာကို ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံအတွင်း၌ အလုပ်အကိုင်အရည်အသွေး ပိုမိုဆိုးရွားစွာကျဆင်းလာလျက်ရှိပြီး ကုန်ထုတ်စွမ်းအားများ ပိုမိုပြီးကျုံလာကာ ၂၀၂၀ ပြည့်နှစ် အချိန်ကာလ အလုပ်အကိုင်တွေထက် အဆင့်နိမ့်ကျလျက်ရှိနေဆဲဖြစ်ကြောင်း ILO မှ ခန့်မှန်းထားခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၁၈ လ ကြာကာလအတွင်းနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားသည့် တစ်နှစ်ခွဲကြာကာလအတွင်း မြန်မာနိုင်ငံတွင် အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် အလွန်အမင်းကြုံတွေ့နေရကြောင်း သိရသည်။

 

ယင်းအပြင် ၂၀၂၀ ပြည့်နှစ်နှင့် နှိင်းယှဉ်ပါက အမျိုးသမီးများသည် အမျိုးသားများ၏ အလုပ်ကိုင် ၁ ဒသမ ၁ သန်း နည်းပါးသွားကြောင်း၊ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်တွင် အလုပ်အကိုင်အခြေအနေ အနည်းငယ်ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။

 

အလားတူ ၂၀၂၁ ခုနှစ်တွင် လုပ်သားကုန်ထုတ်စွမ်းအား ၈ ရာခိုင်နှုန်း ကျုံဆင်းသွားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်၌ ၂ ရာခိုင်နှုန်း ထပ်မံကျုံဆင်းသွားကြောင်း ထုတ်ပြန်ခဲ့သည်။

 

ymg/sth
#Yangon_Media_Group