#Local_News
Published_11 July 2022

 

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ရှိ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဦးဝင်းနိုင်အား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်က ကျောက်တော်မြို့နယ်၊ အလယ်ရွာသို့ သွားရောက်လည်ပတ်စဉ် ယင်းအဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

ဦးဝင်းနိုင်သည် ကျောက်တော်ကမ္ဘာ့ရတနာဘဏ်၏ မန်နေဂျာဖြစ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်ကြောင်း၊ ယင်းအနေဖြင့် လက်ရှိနိုင်ငံရေးကိစ္စများတွင်လည်း ပါဝင်ပတ်သက်ခြင်းမျိုးမရှိဘဲ ဆေးအေးဆေးဆေး နေတတ်သူတစ်ယောက် ဖြစ်ကြောင်းလည်း သိရသည်။

 

"ဒီကိစ္စနဲ့ပတ်သက်ရင် ကမ္ဘာ့ရတနာဘဏ်က စစ်တွေမန်နေဂျာကို မေးပါ။သူတို့က ဘယ်အကြောင်းပဲဖြစ်ဖြစ် မန်နေဂျာကိုဆက်သွယ်ပါလို့ ပြောထားတာရှိတယ်"ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက YMG ကို ပြောသည်။

 

ယခုအခါ ဦးဝင်းနိုင်အား ဖမ်းဆီးသွားခြင်းမှာ မည်သည့်အကြောင်းကြောင့်ဆိုသည်ကို မည်သူမျှ မသိကြသေးပေ။

 

ymg/mt
#Yangon_Media_Group