#LocalNews
Published_22 June 2022

 

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင်ဖမ်းမိသော ကာလတန်ဖိုး ငွေကျပ် ၄ ဒသမ ၂၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်းကျော်၏ ပိုင်ရှင်မှာမောင်တောမြို့မရဲစခန်း၌ ဖမ်းဆီးခံနေရသူဖြစ်ကြောင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့် ဇွန်လ ၁ ရက် ည ၁၀ နာရီခွဲအချိန် မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာ၊ အမှတ်(၁) ရပ်ကွက်ရှိ အောင်မင်းဆိုသူ၏နေအိမ်ကို သတင်းအရရှာဖွေရာ ခြံစောင့် ခင်မောင်ထွန်းနှင့် ကိုကိုနိုင်တို့ နှစ်ဦးနှင့်အတူ နေအိမ်မှသနပ်ခါးဘူးများ၊ ဇီးသီးထုပ်များနှင့် အုန်းသီးခြောက်များအတွင်းထည့်သွင်း သိုဝှက်ထားသည့် အဆိုပါ မူးယစ်ဆေးများကို ဖမ်းဆီမိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် အောင်မင်းမှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာ၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၇၇၅၀ ပြား ဖမ်းဆီးရမိမှုမှ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်၍ ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်တွင် မောင်တောမြို့မရဲစခန်း၌ ဖမ်းဆီးခံနေရသူဖြစ်ကြောင်း၊ ၎င်းတိုအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group