#LocalNews
Published - 18 June 2022

 

မဲခေါင်-လန်ချမ်းအထူးရန်ပုံငွေကျပ်(၆၇၄.၃၁၉) သန်းဖြင့် တည်ဆောက်မည့်ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးသင်တန်းစင်တာအတွက် တင်ဒါခေါ်ယူလိုက်ကြောင်းသိရသည်၊၊

 

ဇွန်လ(၁၈)ရက်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် တင်ဒါခေါ်ယူခြင်းဖြစ်သည်၊၊

 

ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးသင်တန်းစင်တာအဆောက်အဦ သံကူကွန်ကရစ် နှစ်ထပ်၊ ရေမီးမိလ္လာသွယ်တန်းခြင်း အပါအဝင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂)ရပ်ကွက်၊ အကွက်အမှတ်(၂၂)၊ ခပေါင်းရေကြည်ရပ်၌ ဆောက်လုပ်ရန် တင်ဒါခေါ်ယူခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်၊၊

 

တင်ဒါလျှောက်လွှာပုံစံကို ဇွန်လ(၂၀)ရက်ကစပြီး ရောင်းချပေးမှာဖြစ်ပြီး ဇွန်လ(၂၀)ရက်မှဇူလိုင်(၂၀) ရက်အထိနေပြည်တော် ရုံးအမှတ်(၁၄)၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လျှောက်ထားနိုင်ကြောင်းနှင့် ဖုန်း ၀၆၇-၄၀၉၅၄၈ ကိုဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group