#LocalNews
Published_29 April 2022

 

ကျိုးကျပျက်စီးသည်ထိ အဖျက်ဆီးခံထားရသော အများပြည်သူအတွက် လျှပ်စစ်မီးပေးဝေသည့် လောပိတရေအားလျှပ်စစ်တာဝါတိုင်များကို ပြင်ရန်သွားသည့်လျှပ်စစ်ဝန်ထမ်း ၂၆ ဦး သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သိရသည်။

"ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ပျောက်နေတာပါ။တာဝန်တိုင်ပြင်တဲ့အခါ လိုအပ်တဲ့ပစ္စည်းတွေအပါအဝင် ဝန်ထမ်း ၂၆ ယောက် ပျောက်နေတာ။အခုထိ သတင်းမရဘူး၊လောပိတက သုံးလိုင်းရှိတဲ့အထဲမှာ လက်ရှိ တစ်လိုင်းပဲဖြစ်တာကြောင့် လျှပ်စစ်ပေးရတာ သုံးပုံတစ်ပုံပဲ ပေးရတာဖြစ်တယ်။အဲဒီ

နေရာတွေ နယ်မြေမစိုးမိုးလို့ ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။တာဝါတိုင်တွေကို သွားပြင်လိုက်၊ပြန်ပြီးတော့ ဖျက်လိုက် လုပ်နေတာက ၅ ကြိမ် ရှိပါပြီ။အခု ပျောက်နေတဲ့ဝန်ထမ်းတွေဟာ သေသလားရှင်သလား မသိရသေးဘူး"ဟု အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။

လောပိတစီမံကိန်းမှ လျှပ်စစ်မဂ္ဂါဝပ် ၂၄၀ ကျော်ထုတ်လုပ်နိုင်သော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၈၀ ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ယင်းမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်းကပင် လွိုင်ကော်မြို့နယ် လောပိတမဟာဓါတ်အားလိုင်းမှ တာဝါတိုင် ၂ တိုင် အဖျက်ဆီးခံခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group