Published 28 April 2022

နစက ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ်ရောက်ရှိနေတဲ့ Republic of Tatarstan တာဆာစတန်သမ္မတနိုင်ငံ သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကို  နစကရုံး သံတမန်ဆောင်တွင် ဒီကနေ့ ဧပြီ(၂၈)ရက်နေ့မှာ တွေ့ဆုံတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

တာတာစတန်သမ္မတနှင့် နစက ဥက္ကဋ္ဌတို့ဟာ မြန်မာနှင့် တာတာစတန်တို့အကြား စီးပွားရေးနှင့်ရင်းနှီးမြှပ်နှံမှု ပူးပေါင်း‌ ဆောင်ရွက်နိုင်ရေး ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းအရင်းအမြစ်များကဆိုပါတယ်။

တာတာစတန်သမ္မတဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဝန်ကြီးဌာနတွေက အကြီးအကဲတွေနှင့်တွေ့ဆုံဖို့ရှိပြီး တာတာစတန်နှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးအသိုက်အဝန်းတွေရဲ့ စီးပွားရေးဆွေးနွေးပွဲတွေကျင်းပသွားမယ်လို့ တာတာစတန်သမ္မတရုံံးက သတင်း ထုတ်ပြန်ပါတယ်။

တာတာစတန်သမ္မတနှင့အတူ စက်မှုနှင့်စီးပွားရေးဝန်ကြီး အဲလ်ဘတ်ကာရီမော့ဗ်၊ KAMAZ PJSC ရဲ့ အထွေထွေ  ညွှန်ကြားရေးမှူး ဆာဂျေးကိုဂိုဂင်၊ Kazan Helicopter Plant JSCရဲ့ အရောင်းဆိုင်ရာဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ၊ Eidos-Medicine LLCရဲ့ အထွေထွေညွန်ကြားရေးမှူးနှင့် Kazan Fat Plant JSCနှင့် အခြားအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလိုက်ပါလာတယ်လို့ တာတာစတန်သမ္မတရုံးသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။