Published_ 18 March 2022

ငွေကြေးဈေးကွက်တည်ငြိမ်မှုအား ထိခိုက်စေသော ဆောင်ရွက်မှုများကို တိုင်ကြားနိုင်ကြောင်း ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီက ကြေညာထားပါတယ်။

တည်ငြိမ်မှုကို ထိခိုက်စေသော ဆောင်ရွက်မှုများမှာ နိုင်ငံခြားငွေကြေးများအား တရားမဝင်ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဈေးကစားခြင်း ပြုလုပ်သူများ၊ အိမ်ခြံမြေနှင့် မော်တော်ယာဉ်ကဲ့သို့ အခြေခံပစ္စည်းများအား ရောင်းဝယ်ပြီး ပိုင်ဆိုင်မှုလွှဲပြောင်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှု ကန့်သတ်ချက် များအတိုင်း လိုက်နာမှုမရှိသူများ၊ ဘဏ်များတွင်အပ်နှံထားသည့် ငွေသားထုတ်ယူရာ၌ ရာခိုင်နှုန်းယူ၍ ငွေသားထုတ်ပေးခြင်း၊ ဘဏ်ပြင်ပတွင် ငွေသားလက်ဝယ် ထိန်းသိမ်း ထားသူများက ဘဏ်အကောင့်တွင် အပ်နှံထားသည့်ကျပ်ငွေများကို ရာခိုင်နှုန်းယူ၍ ငွေသားဖြင့်လဲလှယ်ထုတ်ပေးခြင်းတို့ ဖြစ်ကြပါတယ်။

ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ သည် ပြည်တွင်းငွေကြေးဈေးနှုန်းများ တည်ငြိမ်မှုရှိအောင် ထိန်းကျောင်းကြပ်မတ်ရာတွင် အထောက်အကူဖြစ်စေရန် တိုင်ကြားစာစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ငွေကြေးဈေးကွက်တည်ငြိမ်မှုကို ထိခိုက်စေနိုင်သော ဆောင်ရွက်မှုများတွင် ပါဝင် ပတ်သက်သူများကို သိရှိပါက ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ် ရေး လုပ်ငန်းကော်မတီရဲ့ တိုင်ကြားစာ စိစစ်ရေးအဖွဲ့ တယ်လီဖုန်းနံပတ် ၀၆၇-၃၄၀၉၄၆၃၊ လက်ကိုင်ဖုန်းနံပတ် ၀၉-၄၃၀၀၆၈၃၃ နှင့် Email လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it. သို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း အသိပေး ကြေညာထားတာဖြစ်ပါတယ်။