#LocalNews
Published -6 Feb 2022


နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၆,၆၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကသိရပါတယ်။

ဖြစ်စဥ်မှာမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ လားရှိး-မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးဘက်သို့ စိုင်းမျိုးမင်းထွန်း(၃၈)နှစ် မောင်းနှင်ပြီး စိုင်းနန္ဒာအောင်(ခ)နန္ဒ(၃၆)နှစ် လိုက်ပါလာသည့် Wish မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆,၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၂ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိ တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group