#LocalNews
Published -1 Feb 2022


တပ်မတော်သည်ကိုယ်ကျိုးရှာသည့်အဖွဲ့၊ အဖွဲ့အစည်းတစ်ခုအတွက် တည်ရှိ နေသော အဖွဲ့အစည်းမဟုတ် ပဲ ပြည်ထောင်စုတိုင်းရင်းသားအားလုံးကို အကာအကွယ်ပေးရန်တည်ရှိသောအဖွဲ့အစည်းဖြစ်တယ်လို့ နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနဲ့ပတ်သက်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားတဲ့ မိန့်ခွန်းအထက်ပါအတိုင်းထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က"ခေတ်အဆက်ဆက် နိုင်ငံ့ကာကွယ်ရေးတာဝန်များကို ပြည်သူနဲ့ပူးပေါင်းပြီး ဦးလည်မသုန် ဆောင်ရွက်ခဲ့သလို ယခု ၁၀ နှစ်အတွင်းမှာလည်း ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း ပီပြင် ခိုင်မာရေးအတွက် တတ်စွမ်းသလောက် သစ္စာရှိရှိဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလမ်းစဉ်အတိုင်း ကတိတည်စွာနဲ့ ဆောင်ရွက်သွားမယ်ဆိုတာ ပြောလိုပါတယ်"လို့ ပြောဆိုပါတယ်။

ဒါ့အပြင်"ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ခြုံငုံသုံးသပ်ကြည့်ပါက ပြည်တွင်း/ပြည်ပ အကြမ်းဖက်သမားတွေနဲ့ ၎င်းတို့ကိုအားပေးနေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့ လိုလားချက်မှာ ဒီမိုကရေစီထက် မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်နေပါတယ်။
နိုင်ငံတော်ကာကွယ်ရေးမှာ ပြည်သူများကို ကာကွယ်ရန် ဖြစ်ပြီး မင်းမဲ့စရိုက် အဖြစ်မခံနိုင်ပါဘူး။ လျစ်လျူရှုလိုလည်း မရပါဘူး။ ဒါကြောင့် အချိုနေရာများမှာ စွန့်စားပြီးပေးဆပ်ကာကွယ်ရခြင်းဖြစ်ပါတယ်"လိုဆက်လက်ပြေဆိုပါတယ်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလွတ်လပ်၍တရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပုဒ်မ ၄၂၉ အရ ကျင်းပနိုင်ရန်အတွက် ရှေ့ဆက်လက်ဆောင်ရွက်မယ့်လုပ်ငန်းများကျန်ရှိနေကာဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် ကာလ နောက်ထပ် ၆ လတိုးမြှင့်ပြီးအဲ့ဒီကာလအတွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘဝလုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကိစ္စများကို အထူးဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ဆောင်ရွက်နိုင်မှသာ ပြည်သူ့လိုလားချက်ဖြစ်သည့်“စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိလာမှာဖြစ်တယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ymg/hm

#Yangon_Media_Group