Published 31 January 2022

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံက လူပုဂ္ဂိုလ်(၇)ဦးနှင့်အဖွဲ့အစည်း(၂)ခုကို အရေးယူပိတ်ဆို့မှုပြုလုပ်လိုက်ကြောင်း ယင်းရဲ့ ဘဏ္ဍာရေးဝန်ကြိးဌာန ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။

နစကသက်တမ်းတစ်နှစ်ပြည့်တဲ့အချိန်နှင့် တိုက်ဆိုင်စွာ အဆိုပါအရေးယူ့ပိတ်ဆို့မှု အသစ် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

လူပုဂ္ဂိုလ်(၇)ဦးထဲမှာ အစိုးရပိုင်းမှ(၃)ဦးပါဝင်ပြီး ထိုသူတို့မှာ  ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး၊အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးတင်ဦးတို့ဖြစ်ကြောင်းသိရပါတယ်။

စီးပွားရေးလုပ်ငန်းများမှ(၄)ဦးမှာKT Group မှ ဦးဂျိုနက်သန်မျိုးကျော်သောင်း၊မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ဦးတေဇနှင့် သားနှစ်ဦးဖြစ်တဲ့ထူးထက်တေဇနှင့်ပြည့်ဖြိုးတေဇတို့ဖြစ်ကြကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဖွဲ့အစည်းနှစ်ခုကတော့ KT Services & Logistics Company Limited (KTSL) နှင့် ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံးတို့ဖြစ်ကြတယ်လို့ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။