ယနေ့ညပိုင်းတွင်တိရစ္ဆာန်ဥယျာဉ်မှခြင်္သေ့တစ်ကောင်လွတ်မြောက်သွားသည်ဟုFacebookစာမျက်နှာပေါ်တွင် သတင်းပျံ့နှံ့ခဲ့ပြီးယင်းသတင်းမှာမဟုတ်မမှန်ရေးသားဖော်ပြထားခြင်းဟု ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်က ထုတ်ပြန်လိုက်သည်။
ယနေ့ ဇူလိုင်လ ၂၁ရက်၊ ည၁၀နာရီခန့်တွင် Facebook စာမျက်နှာပေါ်တွင် Hein Htet Aung အမည်ဖြင့် မိဘပြည်သူများအထိတ်တလန့် ဖြစ်စေနိုင်သော စာသားများဖြင့် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ ခြင်္သေ့တစ်ကောင် လွတ်မြောက်သွားသည်ဟု ရေးသားကာ Post တင်ခဲ့ပြီးထိုသို့ ရေးသားထားသော Post မှာ မှန်ကန်ခြင်းမရှိပဲ အများပြည်သူ အထိတ်တလန့်ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်ရေးသားထားခြင်းကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) တွင် လက်ရှိ ခြင်္သေ့(အမ) Theingiတစ်ကောင်တည်းကိုသာထိန်းသိမ်းစောင့်ရှောက်ပြသထားခြင်းဖြစ်ပြီး ယခု အချိန်တွင်လည်း အဆိုပါ ခြင်္သေ့(အမ) အနေဖြင့် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၏ တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့စောင့်ရှောက်မှုအောက်တွင် ကျန်းမာစွာဖြင့် ၎င်းနေထိုင်ရာ Exhibit အတွင်းတွင်ရှိနေပါကြောင်း ထုတ်ပြန်ထားပါသည်။