Published 4 April 2024

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် တွင် ယာဥ်တစ်စီးမှဓာတ်တိုင်ဝင်ရောက်တိုက်မိပြီးယာဥ်ပေါ်ပိမှု ဖြစ်ပွားခဲ့ကြောင်း သုဝဏ္ဏပရဟိတ အသင်းထံမှ သိရသည်။

ဧပြီလ ၃ရက် ည ၁၁နာရီ အချိန်ခန့် က သင်္ဃန်းကျွန်းမြို့နယ် (က)ရပ်ကွက် နှင်းဆီကုန်းအဝိုင်း အနီး တွင် အိမ်စီးကားတစ်စီး မှ ဓါတ်တိုင်ကို ဝင်တိုက် မိ ပြီး တိုက်မိသည့်အရှိန် ဖြင့် ဓါတ်တိုင်မှာ ယာဉ်ပေါ်သို့ပိမိသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်သည့်နေရာသို့ ပရဟိတ အသင်းများ မှ လာရောက်ကူညီ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ် မောင်းသူမှာ အမျိုးသမီး တစ်ဦး ဖြစ် ပြီး ယာဉ်တိုက် မှု ကြောင့် ထိခိုက် ဒဏ်ရာ ရရှိ မှု မဖြစ်ခဲ့ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group