#LocalNews

Published - 1 Dec 2021

ကြက်ခြေနီသူနာပြုတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့သည့်အတွက် ဝမ်းနည်းကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းကထုတ်ပြန်လိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော ဦးမောင်မောင်ဝင်းဆိုင် (အသက် ၄၉နှစ်) သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန် ၎င်းနေအိမ် ကွမ်းယာဆိုင်တွင် ဈေးရောင်းနေစဉ် မမျှော်လင့်ဘဲသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကာ အသက်ဆုံးရှုးခဲ့ရတာ ဖြစ်ပါတယ်။

ဦးမောင်မောင်ဝင်းဆိုင်မှာ ချမ်းမြသာစည်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတပ်ခွဲမှူးအဖြင့် ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်းများကို လုပ်ဆောင်နေသော ကြက်ခြေနီ စေတနာလုပ်အားရှင်တစ်ဦးဖြစ်ပြီး အသင်းဝင်တပ်ဖွဲ့ဝင်တစ်ဦးအား ဆုံးရှုံးလိုက်ရတဲ့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။


ဦးမောင်မောင်ဝင်းဆိုသူမှာ လူအများနှင့် ဆက်ဆံရေးပြေပြစ်သူတစ်ဦးဖြစ်ပြီး စိတ်သဘောထားကောင်းမွန် သူတစ်ဦးဖြစ်ကြောင်း ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်ကို မယုံကြည်နိုင်ကြောင်း ၎င်းနှင့် တာဝန်အတူထမ်းဆောင်ဖူးသည့် တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

#Yangon_Meida_Group