#LocalNews

Published - 1 Dec 20211

အရှိန်မထိန်းနိုင်သည့်ကားက လမ်းဘေးရှိ ထန်းပင်တန်းနှင့် ရပ်ထားသည့်စက်ဘီးအား ဝင်ရောက်တိုက်မိခဲ့သည့် ဖြစ်စဥ်တစ်ခုနိုဝင်ဘာ ၃၀ ရက်၊နံနက်ပိုင်းအချိန်က ကျိုက်မရောမြို့ ၊ နတ်စမ်းထန်းပင်တန်း၌ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဥ်ကြောင့် ယာဥ်မောင်းဖြစ်သူ ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ယာဥ်တိုက်ခံရသည့်စက်ဘီးကတော့ နွားကျောင်းနေသည့် ကလေးငယ်၏ စက်ဘီးဖြစ်ပြီး ကလေးငယ်က စက်ဘီးကို လမ်း ဘေး၌ ရပ်ထားခဲ့တာဖြစ်လို့ ယင်းယာဥ်တိုက်မှုဖြစ်စဥ်မှာ စက်ဘီးပိုင်ရှင်ကလေးငယ်ကတော့ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘူးလို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရပါတယ်။

Photo - CJ

#Yangon_Media_Group