#Local_News
Published 15 March 2024


နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၆၆/၁ )အနီးတွင် ပန်းတင်ဆောင်လာသောကုန်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံ က သိရသည်။

 

မတ်လ၁၄ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကာ ယာဉ်အတွင်းညှပ်နေသောကြောင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

 

ထိုသို့ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရာ မတ်လ ၁၅ ရက် ၀၀ ၀၂ အချိန်တွင် လုပ်ငန်းပြီးစီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးအနက် အမျိုးသား(၁)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ပလွေးအမြန်လမ်းမီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #နေပြည်တော်-ရန်ကုန်အမြန်လမ်း #အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်#YMG/LW #Yangon_Times