#Local_News
Published-13 March 2024


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်တွင် ရွှေတိဂုံစေတီတော်၏ ခေတ်အဆက် ဆက်ပုံရိပ်များဓာတ်ပုံပြပွဲကို ၁၀ရက်တိုင်တိုင် ပြသသွားမည်ဖြစ်‌ကြောင်းပွဲကျင်းပရေးကော်မတီမှ သိရသည်။

 

အဆိုပါ  ဓာတ်ပုံပြပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်တော် ပေါ်ရှိ ချမ်းသာကြီးတန်ဆောင်းတွင် မတ်လ ၂၉ ရက်မှ ဧပြီလ ၇ ရက်ထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။

 

ထို့အပြင် ဓာတ်ပုံပြပွဲတွင် ကိုလိုနီခေတ် ၁,၈ဝဝ ပြည့်နှစ် ခန့်မှစတင်ကာ မျက်မှောက်ကာလထိ ခေတ်အဆက်ဆက် သာသနိကအဆောက်အအုံများမြင်ကွင်း၊ ရှေးမြန်မာတို့၏ သဒ္ဓါထက်သန်သည့်မြင်ကွင်းများ၊ ဘာသာတရား ရိုသေကိုင်းရှိုင်းမှု ပုံရိပ်များကို ဓာတ်ပုံများမှတစ်ဆင့် တွေ့မြင်ခံစားရမှာဖြစ်ကြောင်း သိရသည်။

 

၎င်းအပြင် ဓာတ်ပုံကင်မရာ စတင်ပေါ်ပေါက်သည့် ကာလ ကိုလိုနီခေတ်ဦး ဓာတ်ပုံများမှ တစ်ဆင့် မြန်မာတို့၏ ဝတ်စားဆင်ယင်မှု၊ ဘာသာတရား ကိုင်းရှိုင်းမှုများကို ယနေ့ခေတ်အထိ ရိုက်ကူးထားလေ့ရှိသော ရွှေတိဂုံစေတီတော်ကြီး၏ ဓာတ်ပုံပေါင်း ၂၁၀ ကျော်တွင်တွေ့မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ရွှေတိဂုံစေတီတော် #ဓာတ်ပုံပြပွဲ၁၀ရက်တိုင်တိုင်ကျင်းပ #YMG/ NN #Yangon_Times