Published_ 6 March 2024

ကိုးမိုင်မဟာစည်ဆရာတော်ဘုရားကြီးသည်မတ်လ (၆)ရက်မနက်ပိုင်းတွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း သိရသည်။

ကိုးမိုင်မဟာစည်ဆရာတော်ဘုရားကြီးသည် ဖေဖော်ဝါရီလအတွင်း နာမကျန်းဖြစ်သောကြောင့်တိုက်အုပ်ဆရာတော်မှ ဂရုစိုက်တစိုက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်စေရန် ဆေးရုံသို့ ပို့ဆောင်ကုသစေခဲ့သည်။

ဆရာ‌တော်ကြီးသည် ဆေးရုံတက်ရောက်ကုသခဲ့ရပြီး ဆေးရုံမှဆင်းတာ ၂ ပတ်မြောက်နေ့တွင် follow up ကုသမှုလုပ်ခဲ့ရသလို ဖေဖော်ဝါရီလထဲမှာပဲ  ဝိတိုရိယဆေးရုံတွင် ကုသမှုများဆောင်ရွက်ခဲ့ရပြီး မတ်လ(၆)ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း သိရသည်။

"မတ်လ(၆)ရက်၁နာရီ၄၅မိန်စ်အချိန်တွင် ကိုးမိုင်မဟာစည်ဆရာတော်ဘုရားကြီးသည်  ဝိတိုရိယဆေးရုံတွင် ဘဝနတ်ထံသို့ပျံလွန်တော် မူသွားပြီဖြစ်ကြောင်း ရပ်ဝေး ရပ်နီးနေ ဓမ္မမိတ်ဆွေ ဆွေတော်မျိုးတော်များအား ညိှုးငယ်စွာ အသိပေးအကြောင်းကြားအပ်သည် "ဟု ကိုးမိုင်မဟာစည်ယောဂီအဖွဲ့ မှလည်း ထုတ်ပြန်ထားကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group