#Local_News
Published_ 1 March 2024

Asian Telecom Award ကို ချီးမြှင့်ပေးသည့် Broadband Telecom Company of the Year - Myanmar အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၉) ရက်နေ့၌ စင်္ကာပူနိုင်ငံ Marina Bay Sands Expo & Convention Centre တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အဆိုပါ အခမ်းအနားတွင် Global Technology Company ၏ Brand တစ်ခုဖြစ်သော 5BB Broadband သည် မြန်မာနိုင်ငံအတွက် အကောင်းဆုံး Broadband Telecom Company ဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခံခဲ့ရပါသည်။

 

5BB Broadband သည် မြန်မာနိုင်ငံအတွက် (၈) နှစ်အတွင်းမှာ အတန်ဆုံး နှင့် အမြန်ဆုံး အင်တာနက် ဖြစ်ပြီး Broadband Internet ကို လူတိုင်း အသုံးပြုနိုင်အောင် အောင်မြင်စွာ ပေးဆောင်နိုင်ခဲ့ခြင်းအတွက် ယခုလို ထိုက်တန်စွာချီးမြှင့်ခံရခြင်းဖြစ်ပါသည်။

 

၂၀၁၇ ခုနှစ်တွင် 5BB Broadband ကို Global Technology မှ Mobile Operator များ သုံးစွဲရန် High Quality Infrastructure ၊ AAE-1 ပင်လယ်ရေအောက် ဆက်သွယ်ရေး ဆက်ကြောင်း၊ International Cross Border များကို ဖြတ်ကျော်သွယ်တန်းပြီး အိမ်နှင့် ရုံးများတွင် သုံးနိုင်ကြစေရန် ရည်ရွယ်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင် 1mbps ဖြင့် အင်တာနက် စတင် ပေးဆောင်ခဲ့ပြီး ယခုဆိုလျှင် မြို့ကြီး (၁၆) မြို့အတွက် 1Gpbs အထိ ပေးဆောင်နိုင်နေပါပြီ။

 

(၈) နှစ်တာ ကာလအတွင်း 5BB Broadband သည် မြန်မာနိုင်ငံ၏ Digital ကွာဟချက်ကို သိသိသာသာ ပေါင်းကူးပေးခဲ့ပြီး Wire & Wireless Broadband Network ကို နေပြည်တော်၊ ပဲခူး၊ မကွေးနှင့် မော်လမြိုင်အပါအဝင် မြို့ကြီး (၁၆) မြို့သို့ တိုးချဲ့ခဲ့ပါသည်။

 

ဒါ့အပြင် 1 Mbps ကို 40,000 ကျပ်နှုန်းထားသတ်မှတ်ခဲ့ရာ 45 Mbps ကိုလည်း ထိုနှုန်းထားအတိုင်း သတ်မှတ်ပေးနိုင်ခဲ့သဖြင့် 450% အထိ ဒီ (၈) နှစ်အတွင်းမှာ လျှော့ချနိုင်ခဲ့ပါသည်။

 

သုံးစွဲသူလူကြီးမင်းများအတွက် စိတ်ကျေနပ်မှု ရရှိစေရန်အမြဲဆောင်ရွက်နေသော 5BB Broadband သည် ကမ္ဘာ့အင်တာနက်အဆင့်သတ်မှတ်ချက် Internet Ranking တွင် မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေး အမြန်ဆုံးအဆင့်ကို (၁၂၁) မှ (၁၁၈) အထိ အဆင့် (၃) ဆင့် ပိုမိုမြင့်တက်အောင်ဆောင်ရွက်ခဲ့ပါသည်။

 

ထိုသို့ ဆောင်ရွက်နိုင်ခဲ့သဖြင့် User များ၏ သန်းနဲ့ချီသော Speed Test အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ Internet Provider များ အားလုံး နှိုင်းယှဉ်ပြီးမှ ပေးအပ်သည့် မြန်မာ့အမြန်ဆုံးအင်တာနက် Myanmar Fastest Internet Broadband ဆုကို ထိုက်တန်စွာ ရရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် Asian Telecom Award ကို 5BB Broadband အနေဖြင့် ပထမအကြိမ် ဆွတ်ခူးနိုင်ခဲ့ပါသည်။

 

၂၀၁၀ ပြည့်နှစ်တွင် ​စျေးကွက်လိုအပ်ချက်နှင့် Customer များ၏ ​တောင်းဆိုချက်များအရ Business Internet ကို စတင်ဝန်​ဆောင်မှု​ပေးခဲ့ပြီး အမြန်နှုန်း 50Mbps မှ 1Gbps အထိ သုံးစွဲနိုင်​အောင်​ဆောင်ရွက်​ပေးခဲ့သဖြင့် ပညာ​ရေး၊ ကျန်းမာ​ရေး၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားဝန်​ဆောင်မှု၊ Supermarket and retail chain stores၊ သတင်းနှင့် နည်းပညာကဏ္ဍ၊ သံရုံးများ၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် ​ကောင်းမွန်စိတ်ချရသော Business Internet ကို အသုံးပြုနိုင်လာပြီး လူမှုစီးပွားနယ်ပယ်တွင် တိုးတက်မှုများစွာကို အ​ထောက်အကူပြုနိုင်ခဲ့ပါသည်။

 

5BB Broadband သည် နည်းပညာဆိုင်ရာ ကျွမ်းကျင်သော ပြည်တွင်းပြည်ပ ပညာရှင်များကိုယ်တိုင် Professional စနစ်ကျစွာတည်ဆောက်ထားသည့် ဆက်သွယ်ရေးစနစ်များဖြစ်ခြင်း၊


ယနေ့အချိန်ထိ အောင်မြင်နေသော Internet Broadband Company တစ်ခုဖြစ်ခြင်း၊
24/7 ဝန်ဆောင်မှုပေးနိုင်သော Omni-Channel Service Center များ ထားရှိခြင်း၊
မြန်မာနိုင်ငံတွင် Highest Available Internet Provider တစ်ဦးအဖြစ် ရပ်တည်ခြင်း၊
After Sale Support များကို အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ဆက်လက်ပြီး AI နည်းပညာကို အသုံးချကာ လုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဉ်များကို ထိရောက်သော ဝန်ဆောင်မှုများ ပေးအပ်ခြင်းနှင့် သုံးစွဲသူများ၏ လိုအပ်ချက်ကို တိကျကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ရန် မျှော်မှန်းထားပါသည်။

 

မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ရှေ့ပြေးဦးဆောင်နေသော 5BB အနေဖြင့် (၁) နှစ်တာအကောင်းဆုံး Broadband Telecom ကုမ္ပဏီ၏ ဂုဏ်သိက္ခာကြီးမားသည့် Asian Telecom Award 2024 ကို ရရှိခြင်းသည် ထိုက်တန်သော အောင်မြင်မှုတစ်ခုဖြစ်ပါသည်။

 

5BB Broadband Internet ဖြင့် Covid-19 ကုသရေး စင်တာများတွင် Online မှတဆင့် အထိအတွေ့မဲ့ လူနာကုသစစ်ဆေးခြင်းစနစ်များပြုလုပ်ရန် (၂၄) နာရီ Internet နည်းပညာပံ့ပိုးမှုကြာင့် ရောဂါ ပျံ့နှံ့ခြင်းများကို လျှော့ချနိုင်ခဲ့သဖြင့် နှလုံးသားအချင်းချင်း ချိတ်ဆက်ပေးသော မြန်မာ့ ဂုဏ်ဆောင် Telecom ဟုလည်း နာမည်ရခဲ့ပါသည်။

 

၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ဆုံးရှုံးမှုများအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်ရန် 5BB Broadband မှ We Love Rakhine အဖွဲ့အစည်းသို့ ကျပ်သိန်း (၁၀၀) လှူဒါန်းခြင်းဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီခဲ့ပါသည်။ ထိုနှစ်မှာပင် ပဲခူးမြို့တွင်ဖြစ်ပွားခဲ့​သည့် အနှစ်(၅၀) အတွင်း အဆိုးရွားဆုံး ​ရေကြီး​ရေလျှံ အခက်အခဲဖြစ်မှုများအတွက် ​ငွေကျပ် သိန်း (၅၀) တန်ဖိုးရှိသော စားနပ်ရိက္ခာများကို 5BB အဖွဲ့သားများကိုယ်တိုင် အိမ်တိုင်ရာ​ရောက် ​ပေးအပ် ကူညီခဲ့ပါသည်။

 

5BB ၏ Customer များနှင့် ရင်းနှီးမှု ရလာစေပြီး အင်တာနက်ဝန်ဆောင်မှုအစီအစဉ်များအကြောင်းကို ပိုမိုသိရှိနားလည်လာစေရန် Sweet December အခမ်းအနားကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပေးခဲ့ပါသည်။ E-Sport ပြိုင်ပွဲများ၊ အနုပညာရှင်များနှင့်အတူ ဆော့ကစားသည့် ဂိမ်းအစီအစဉ်များ၊ Model Show နှင့် Challenge များလည်း ပြုလုပ်ခဲ့ကြပြီး 5BB Broadband မှ ဆုလက်ဆောင်များ ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

 

Gaming နှင့် ပတ်သက်ပြီး နိုင်ငံတကာတွင်ရှိသည့် Cloud Gaming Data Center ကြီးများနှင့်တိုက်ရိုက်ချိတ်ဆက်ထားသဖြင့်
Best Possible User Experience ကို ထပ်မံဖန်တီးခြင်း၊
Cloud ဂိမ်းဝန်ဆောင်မှုများကို တိကျသေချာစွာ ဝန်ဆောင်မှုပေးနိုင်ခြင်း၊
တည်ငြိမ်ကောင်းမွန်သော Robust Digital Infrastructure တစ်ခုဖြစ်ခြင်း၊
Utmost Security ပေးနိုင်ဖို့ Equinix နှင့် ချိတ်ဆက်မှုတိုးမြှင့်ခြင်း၊
အဓိကလိုအပ်ချက်များဖြစ်သော Latency ကို အနည်းဆုံးဖြစ်ခြင်း၊
စသည့် အားသာချက်များကို 5BB Broadband Internet မှ ပေးဆောင်နိုင်နေပြီဖြစ်ပါသည်။

 

ဒါ့အပြင် Call Center လိုင်းအနေဖြင့် သုံးစွဲသူများကို ခေတ်မီဆန်းသစ်သော SIP TRUNK လိုင်း၊ Online Chat ၊ Mobile Application များမှ 24/7 ပံ့ပိုးပေးပြီး AI နည်းပညာ သုံးစွဲနိုင်မှုကိုလည်း မြှင့်တင်ရန် ဒီလိုလုပ်ငန်းစဉ်များတွင် ပေါင်းစပ်စီမံထားပါသည်။

 

5BB ၏ သုံးစွဲသူများအပေါ်တွင် ပေးထားသည့် ကတိကဝတ်များအနေဖြင့် Commitment များမှာ သက်သာသောနှုန်းထားနှင့် Affordable Internet ကို ဦးဆောင်ပြီးပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ရန်၊ အမြန်ဆန်ဆုံး Speed ကိုအမြဲတမ်းပေးနိုင်ရန်၊ အကန့်အသတ်မဲ့အင်တာနက် ဆက်သွယ်ရေးစနစ်များကို တည်ဆောက်ပေးနိုင်ရန်၊ မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ပါမကျန် အိမ်သုံးအင်တာနက်ကို တပြေးညီသုံးစွဲနိုင်ရန်၊ Beyond Internet ဟုခေါ်သော မီဒီယာ streaming ၊ ပညာရေးဆိုင်ရာ ဝန်ဆောင်မှု၊ Digital Service ဝန်ဆောင်မှုများကို အလွယ်တကူသုံးစွဲနိုင်ရန် 5BB အနေဖြင့် ကတိတဝတ်ပြုပါသည်။

 

ယခုလိုအောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခြင်းသည် သုံးစွဲသူများအပါအဝင် ဝန်ထမ်းများအားလုံး၏ ကြိုးစားအားထုတ်မှုကြောင့်သာဖြစ်သည့်အတွက်ကြောင့် အားလုံးကို အထူးကျေးဇူးတင်ရှိပြီး ဒီနေ့ အသိအမှတ်ပြုခံရသော Asian Telecom Award ကို ရရှိခြင်းအား ဝမ်းမြောက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

 

#AsianTelecomAwards #5BB #GlobalNet #GlobalTechnology