#Local_News
Published 28 February 2024


ပဏာမမြန်မာ့လက်‌ရွေးစင်ယူ-၁၉ အသင်းအနေ ဖြင့်အာဆီယံချန်ပီရှစ်ပြိုင်ပွဲနှင့် အာရှခြေစစ်ပွဲစဥ်များပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။

 

အဆိုပါယူ၁၉ လူငယ်လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇွန်လနှင့် စက်တင်ဘာလတို့တွင် အာဆီယံချန်ပီရှစ်ပြိုင်ပွဲနှင့် အာရှခြေစစ်ပွဲစဥ်များ ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။ 

 

နိုင်ငံတကာပြိုင်ပွဲများအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမမြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည်  MFF လေ့ကျင့်ရေးကွင်း(၅)တွင် Training Match အဖြစ် နှစ်သင်းခွဲ လေ့ကျင့်ယှဉ်ပြိုင်ကစားလျက်ရှိသည်။

 

ပဏာမမြန်မာ့လက်‌ရွေးစင်ယူ-၁၉ အသင်းကိုလက်ရွေးစင် ယူ-၁၈အသင်း (Junior Lions) နှင့် MFF အကယ်ဒမီတို့မှ ကစားသမားများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ ကစားသမားများ၊ တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲများမှ ထွက်ပေါ်လာသော ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး ဇန်နဝါရီလ ပထမအပတ်မှစတင်ကာ သုဝဏ္ဏလက်ရွေးစင်ကစားသမားအဆောင်၌ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

#tthl #Yangon_Times #မြန်မာယူ-၁၉အသင်း #အာဆီယံချန်ပီရှစ်ပြိုင်ပွဲ