#Local_News
Published_ 17 January 2024

မန္တလေးမှ IELTS စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသူများအတွက် ဗြိတိသျှကောင်စီ (မန္တလေး) စာကြည့်တိုက်တွင်ကြိုက်နှစ်သက်ရာ Cambridge IELTS စာအုပ်များကို လာရောက်ရွေးချယ်ငှားရမ်းနိုင်ကြောင်း British Council မှ သိရသည်။

 

ဗြိတိသျှကောင်စီ စာကြည့်တိုက်သို့လာရောက်ရန် စာကြည့်တိုက်အသင်းဝင်ကဒ်ပြား (သို့) မှတ်ပုံတင် (သို့) ပတ်စ်ပို့ (သို့) ယာဥ်မောင်းလိုင်စင် (သို့) ကျောင်းသားကဒ် ယူဆောင်လာရမည်ဖြစ်ပြီးတစ်ရက်ကြိုတင်ရက်ချိန်းရယူပေးကာ ငှားရမ်းနိုင်သည်ဟု ဆိုသည်။

 

စာကြည့်တိုက်အသင်းဝင်လိုသူများအနေဖြင့်လည်း အွန်လိုင်းကတစ်ဆင့် လျှောက်လွှာတင်နိုင်ပြီး စာကြည့်တိုက်မှာ အသင်းဝင်ကြေးပေးချေတဲ့အခါ ငွေသားပေးချေခြင်းကို လက်မခံတဲ့အတွက် ဘဏ်ကဒ်နှင့်ပေးချေခြင်း (သို့မဟုတ်) AYA mobile banking နှင့်ပေးချေခြင်းကိုသာ ပြုလုပ်နိုင်မည်ဟုဆိုသည်။

 

ဗြိတိသျှကောင်စီ (မန္တလေး) စာကြည့်တိုက်ကိုအခန်း (၈)၊ ၁၁ လွှာ၊ Mandalay Financial Centre၊ လမ်း ၈၀၊ ၂၇လမ်းနှင့် ၂၈လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၌တနင်္လာနေ့ မှ သောကြာနေ့ (မနက် ၉ နာရီခွဲ မှ ညနေ ၄:၀၀ နာရီထိ)ဖွင့်ထားကြောင်း သိရသည်။

 

#Local_News #IELTSစာမေးပွဲဖြေမည့်သူ #IELTSစာအုပ်များငှားရမ်းနိုင် #tthl #Yangon_Times