#Local_News
Published 11 January 2024


ဗဟိုထိန်းချုပ် အီလက်ထရွန်းနစ် အငြိမ်းစားလစာစနစ် (Centralized e-Pension) ဆောင်ရွက်သည့် မည်သည့် ဘဏ်ခွဲ၌မဆို အငြိမ်းစားပင်စင်လစာများကို ဘဏ်ပြောင်းစရာမလိုဘဲ ဝန်ဆောင်ခအခမဲ့ဖြင့် ထုတ်ယူနိုင်‌ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ အသိပေးလိုက်သည်။

 

မြန်မာ့စီးပွားရေးဘဏ်သည်ပင်စင်လစာထုတ်ပေးသည့် လုပ်ငန်း e-Pension စနစ်မှ Centralized e-Pension စနစ်ကို ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာကစတင်​ပြီး အဆင့်မြှင့်တင် ဆောင်ရွက်လာခြင်းဖြစ်သည်။

 

ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ Centralized e-Pension စနစ် ဆောင်ရွက်နေသည့် ဘဏ်ခွဲပေါင်း ၅၅ ဘဏ်အထိ ရှိလာပြီးယင်းဘဏ်ခွဲများ၌ မည်သည့် ဘဏ်ခွဲ၌ မဆို ဘဏ်တစ်ခုနှင့်တစ်ခု ပြောင်းရွှေ့ရန်မလိုဘဲ ဝန်ဆောင်ခအခမဲ့နှုန်းဖြင့် အငြိမ်းစားပင်စင်လစာ ထုတ်ယူနိုင်‌ကြောင်းသိရသည်။

 

ဝန်ဆောင်မှုဘဏ်ခွဲအဖြစ် ထပ်တိုးလာမည့် ဘဏ်ခွဲအသစ်များကိုလည်း ထပ်မံ ကြေညာပေးသွားမည်ဖြစ်ကြောင်း ၊ အကြောင်းအမျိုးမျိုးကြောင့် မြို့နယ်အသီးသီး၌ ရောက်ရှိနေကြသည့် အငြိမ်းစားဝန်ထမ်းများ အနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ မြန်မာ့စီးပွားရေးဘဏ်များတွင်အငြိမ်းစားလစာများ ကိုထုတ်ယူနိုင်မည် ဖြစ်ပြီး၊အငြိမ်းစာကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်းသိရသည်။

 

#Local_News #ပင်စင်လစာ e Pensionကတ် #ဝန်ဆောင်ခအခမဲ့ဖြင့်ထုတ်ယူနိုင် #YMG/NN #Yangon_Times