#Local_News
Published_6 January 2024


ထိုင်းနိုင်ငံတာ့ခ်ခရိုင်၊ ဖွတ်ဖရမြို့နယ်နှင့်တကန်ကျနဘူရီခရိုင်  စံခလဘူရီမြို့တို့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောကမလာသည့် မြန်မာနိုင်ငံသား ၄၀ကျော် အဖမ်းခံရကြောင်း ထိုင်းသတင်းဌာန၏ ဖေါ်ပြချက်အရသိရသည်။

 

ဇန်နဝါရီလ ၃ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် အဖမ်းခံရခြင်းဖြစ်ပြီး ကန်ကျနဘူရီခရိုင် စံခလဘူရီမြို့ နောင်လူကျေးရွာ အုပ်စု၂ ဝတ်ဝမ်မူဘန့်အတွင်း ထာ့နမ်းလမ်းကြား ၄ တွင် ရေလမ်းကြောင်းဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား ၅ဦးတွင် ကလေးငယ် ၁ဦးပါဝင်ကြောင်း သိရသည်။

 

တာ့ခ်ခရိုင်၊ ဖွတ်ဖရမြို့နယ်တွင်လည်း မြန်မာအလုပ်သမား ၃၆ ဦး တရားမဝင် နယ်စပ်ဖြတ်ကျော်လာသဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးခံရသူများကို ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ရန် သက်ဆိုင်ရာမြို့နယ် ရဲစခန်းများ သို့ လွှဲပြောင်းပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #မြန်မာအလုပ်သမား၄၀ကျော်အဖမ်းခံရ #YMG/LW #Yangon_Times