Published 17 November 2023

မန္တလေး လမ်း ၃၀ ၇၂-၇၃ လမ်းကြား ရှိ အောင်ရွှေဆိုင် ဓါးပြ တိုက်ခံရပြီး ရွှေထည်ပစ္စည်းများ အားလုံး ယူဆောင်သွားကြောင်း မန္တလေးမြို့ရှိဒေသခံ တွေထံ က သိရသည်။

ယနေ့ နံနက် ၁၁နာရီ ဝန်းကျင် ခန့် က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး လက်နက်များ ပါ ပါလာ ကာသေနတ်ပစ်ဖောက် ပြီး လုယူသွား ခြင်း ဖြစ်ကြောင်း သိရသည်။

'' သေနတ်တွေလည်း ပစ်တယ်၊လူမထိတာကံကောင်း သူတို့ကြိုတင်စီစဉ်ထားတာပါ ကားနဲ့ လာတာ မိနစ် ပိုင်း အတွင်း အကုန်ယူသွားတာ သေနတ်နဲ့လူနဲ့ ဘယ်လိုမှ မမျှဘူး''ဟု ယင်းရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိ တွင် လုံခြုံရေး တပ်ဖွဲ့များ ရောက်ရှိ စစ်ဆေးလျက်ရှိပြီး တရားခံများ ကိုတော့ ဖမ်းဆီးရရှိမှု မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် လအတွင်း ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန် ရပ်ကွက် ၈၄လမ်း ၄၁လမ်းနှင့်၄၂လမ်း ကြားရှိ ပေါ်ဦး ရွှေဆိုင်လဲ ဓါးပြ တိုက်ခံရပြီး ရွှေထည်ပစ္စည်းများ လုယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group