#Local_News
Published_ 26 October 2023


FAM Tripခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှ ဖိတ်ခေါ်ထားသော ရုရှားခရီးသွားကုမ္ပဏီများ၊ မီဒီယာကိုယ်စားလှယ် များသည်ပုဂံ၊အင်းလေး၊ကော့သောင်းအပါအဝင်မြန်မာနိုင်ငံရှိဒေသ(၇)ခုသို့သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မြန်မာ-ရုရှားခရီးသွားမြှင့်တင်ရေးရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip-FAM Trip) အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်သည့် ခရီးစဉ်တွင်လိုက်ပါလာသည့် ရုရှားခရီးသွားကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်နှင့်ရုရှား အဖွဲ့ဝင်များနှင့် အတူ ဟိုတယ်နှင့်ခရီးသွား‌လာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်မှသွားရောက် ကြိုဆိုခဲ့ပြီး ကြိုဆိုပွဲအခမ်းအနားပြုလုပ်ခဲ့သည်ဟု ဆိုသည်။

 

အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်တောင်စုဝန်ကြီးက ‘ဝန်ကြီးဌာနအနေဖြင့် မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းနှင့် ပူးပေါင်း၍ “Welcome Russia Program in Myanmar” အစီအစဉ်ကို မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုသိရှိလာရောက်လည်ပတ်စေရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများကို ရုရှားခရီးသွား ဈေးကွက်တွင် မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

 

ယခု FAM Trip ခရီးစဉ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လိုင်စင်ရပြည်ပခရီးစဉ်ဆောင်ရွက်သူများ၊ သတင်းနှင့်ရုပ်သံဌာနတို့မှ ကိုယ်စားလှယ်(၄၃)ဦးတို့ ပါဝင်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကို၊ ဗလာဒီဗော့စတော့၊ နိုဗိုစီဗစ်နှင့် ဆိုက်ဘေးရီးယား၊ အီတာရင်ဘတ် အစရှိသော ဒေသများက ခရီးသွားကုမ္ပဏီများနှင့် မီဒီယာများမှ ကိုယ်စားလှယ်များပါဝင်ကြောင်း။

 

မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ် ဒေသများဖြစ်သော ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ကော့သောင်း၊ ငပလီ၊ ငွေဆောင်အစရှိသည့် ခရီးစဉ်ဒေသများကို သွားရောက်လည်ပတ်ကြမည်ဖြစ်ရာ ဒေသအလိုက် ခရီးသွား ဆွဲဆောင်မှုများ နှင့် အတွေ့အကြုံများ၊ ရိုးရာအစားအစာများကို ခံစားမြည်းစမ်းကြရမှာ ဖြစ်ကြောင်း။

 

ထို့အပြင် ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလည်ပတ်နိုင်ရန် ရန်ကုန်-မန္တလေး - နိုဗိုစီဗစ် - မန္တလေး - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို MAIမှပျံသန်းပြေးဆွဲလျက်ရှိသောကြောင့် FAM Trip ကို လိုက်ပါတဲ့ ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ရန် ခရီးစဉ်များရေးဆွဲရာတွင် ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့နိုင်ငံကို ပြန်လည်ရောက်ရှိသည့်အခါ မြန်မာနိုင်ငံ၏ သာယာအေးချမ်းမှု၊ လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်မှု၊ စိတ်ဝင်စားဖွယ်ကောင်းသော ခရီးစဉ်ဒေသများအကြောင်းကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိုသည့် ရုရှားခရီးသွားဧည့်သည်များကို သတင်းစကား ပြန်လည်မျှဝေပေးစေလိုကြောင်းထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။

 

#Local_News #ရုရှားခရီးသွားကုမ္ပဏီ #FAM Tripခရီးစဉ် #tthl #Yangon_Times