#Local_News
Published-25 Oct 2023

 

ရန်ကုန်စီးတီးတက္ကစီ(YCTA) အသင်းဝင်ထားသည့် အငှားယာဉ်များ အားTaxi Board များအား သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း(YCTA) မှ သိရသည်။

 

အဆိုပါ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အငှားယာဉ်များတွင် တပြေးညီ တပ်ဆင်ရန် သတ်မှတ်ထားသည့် Taxi Board များကို(YCTA) မှ အောက်တိုဘာ (၂၄) ရက်တွင် စတင်ရောင်းချပေးနေခြင်း ဖြစ်သည်။

 

ထိုသို့ရောင်းချပေးရာတွင် သတ်မှတ်ဈေးနှုန်း ၁၂၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သော်လည်း ရန်ကုန်စီးတီးတက္ကစီအသင်း(YCTA)တွင် အသင်းဝင်ထားသည့် အငှားယာဉ်များကို ကျပ် ၁၀၀၀၀၊ ပြင်ပ အငှားယာဉ်များအား ၁၂ ၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ Taxi Board များတွင် Taxi စာသားကို မြင်သာစေရန် အောက်ခံအဖြူရောင် မီးအိမ်ကို တပ်ဆင်ရမည်ဖြစ်ပြီး အောက်ခြေအလျား (၁၀) လက်မ၊ အပေါ်အလျား (၉)လက်မ၊ အောက်ခြေအကျယ် (၅)လက်မ၊ အပေါ်အကျယ် (၂) လက်မနှင့် အမြင့် (၃) လက်မ သတ်မှတ်ထားကြောင်း သိရသည်။

 

ထိုသို့တပြေးညီ တပ်ဆင်ရန် ဒီဇင်ဘာ ၈ ရက်အထိ အသိပညာပေးကာလသတ်မှတ်၍ ရက်ပေါင်း ၉၀ ပြီးဆုံးပါက ဒီဇင်ဘာ ၉ ရက်မှစတင်၍ အရေးယူသွားမည်ဖြစ်ကြောင်း (YRTC)က ထုတ်ပြန်ထားသည်။

 

ထို့ပြင်သတ်မှတ်ထားသည် Taxi Board များကို ဝယ်ယူလိုသူ ယာဉ်ပိုင်ရှင်များအနေဖြင့် အမှတ် (၂၆)၊ ပင်လုံလမ်းမကြီး၊ (၂၉) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ YCTA ရုံးတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

 

#Local_News #ရန်ကုန်စီးတီးတက္ကစီ #Taxi Board #YMG/ NN #Yangon_Times