Published 25 September 2023

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တရားဝင်စာရွက်စာတမ်းအထောက်အထားမပြနိုင်သည့် တိုင်းရင်းဆေး ဒူးနာပျောက်ဆေး(၁၄၉)ဗူးနှင့်Hand Setခြောက်လုံး၊Electrical Spare Partsတစ်ခု ကျပ်(၄၅)သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ၏ထုတ်ပြန်ချက် ချက်အရသိရသည်။

အဆိုပါပစ္စည်းများကို တာဝန်ကျအကောက်ခွန်အဖွဲ့များမှ သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

ယင်းပစ္စည်းများအပြင် တနင်္သာရီတိုင်းတွင် တရားမဝင်ငါးဖမ်းစက်လှေစက်လှေပေါ်မှ ငါးသယ်ရေယာဉ်တစ်စီး ကိုလည်း ဖမ်းဆီးရမိသိမ်းဆည်းခဲ့သည်ဟုဖော်ပြထားသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် တရားမဝင်လူသုံးကုန်ပစ္စည်းများ၊လုပ်ငန်းသုံး ပစ္စည်းများ၊စားသောက်ကုန်ပစ္စည်းများ၊ယာဉ်များကိုသိမ်းဆည်းရမိခဲ့ကြောင်းနှင့် စက်တင်ဘာလ(၂၀)ရက်မှ (၂၂)ရက်အထိ သုံးရက်တာအတွင်း အမှုတွဲပေါင်း(၂၂)မှု သိမ်းဆည်းရမိခဲ့သည့် သိန်း(၄၄၀၀)ကျော်တန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times