၁၅ စက်တင်ဘာ ၊ ၂၀၂၃

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal AlongkornVannarot နှင့် တွေ့ဆုံကာ မြန်မာ့တပ်မတော် (လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေတွေကို‌ဆွေးနွေးခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးစီးခဲ့သည့် (၂၀)ကြိမ်မြောက်အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ 20th AACCသို့တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် တို့ဟာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာ့တပ်မတော် (လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ-ထိုင်းတပ်မတော်နှစ်ရပ်အကြား  အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(HLC)နှင့် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြား ကော်မတီအစည်းအဝေး(RBC) ကို နှစ်စဉ်ဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များလည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တွေ့ဆုံပွဲသို့  နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်လေတပ်မှတပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းဘုရင့်လေတပ်စစ်သံမှူးတို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

-ymg/knl/