Published_ 4 September 2023

ချက်နိုင်ငံ၊ပရာ့ဂ်မြို့တွင်ကျင်းပသည့် ‘အာဆီယံ+၃ ရုပ်ရှင်ပွဲတော်(ASEAN+3 Film Festival)’တွင်မြန်မာမှ‘တိမ်တွေပေါ်ကပန်း’ရုပ်ရှင်ဇာတ်ကားပါဝင်ပြသခဲ့ကြောင်းမြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။

အာဆီယံ+၃ ရုပ်ရှင်ပွဲတော်ကို ပရာ့ဂ်မြို့နယ်(၁)ရှိ မြူနီစပယ်စာကြည့်တိုက်ရှိ ရုပ်ရှင်ရုံတွင် စက်တင်ဘာလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ နေ့စဉ်ပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စက်တင်ဘာလ ၈ ရက်နေ့တွင် ဒါရိုက်တာဇင်ယော်မောင်မောင်ရိုက်ကူးသည့် “တိမ်တွေပေါ်ကပန်း”ရုပ်ရှင်ဇတ်ကားကို ပါဝင်ပြသသွားမည်ဖြစ်သည်။

မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ သံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်သည် ပရာ့ဂ်မြို့ရှိ အာဆီယံ-ပရာ့ဂ်ကော်မတီမှ ဦးဆောင်ကျင်းပသော အာဆီယံ+၃ ရုပ်ရှင်ပွဲတော် (ASEAN+3 Film Festival) ဖွင့်ပွဲအခမ်းအနားသို့ ပရာ့ဂ်မြို့အခြေစိုက်အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ တရုတ်၊ ဂျပန်နှင့် ကိုးရီးယားနိုင်ငံ တို့မှ သံအမတ်ကြီးများနှင့်အတူ ပါဝင် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် အာဆီယံ+၃ နိုင်ငံများမှ သံအမတ်ကြီးများနှင့် ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ရေးရာဌာန အကြီးအကဲတို့က ဂုဏ်ပြုစကား များ အသီးသီးပြောကြားခဲ့ကြပြီး ရုပ်ရှင်ပွဲတော်အကြိုအဖြစ် သက်ဆိုင်ရာနိုင်ငံများမှ ဇာတ်လမ်းတိုများအား ပြသခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times