#Local_News
Published_ 29 August 2023


တရုတ်နိုင်ငံထဲသို့ သွားရောက်မည့်ခရီးသည်များ ပြည်မဝင်မီကိုဗစ်စစ်ဆေးမှုခံယူရန် မလိုအပ်တော့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

၂၀၂၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှစ၍ တရုတ်နိုင်ငံသို့ လာရောက်သော ခရီးသည်များသည် ပြည်မဝင်မီ ကိုဗစ်-၁၉ PCR သို့မဟုတ် Antigen test စစ်ဆေးရန် မလိုအပ်တော့သည့်အပြင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ဝင်/ပြည်ထွက် ကျန်းမာရေးကတ်” တွင်လည်း ဖြည့်သွင်းရန်မလိုအပ်တော့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

ယခင်က တရုတ်နိုင်ငံသို့သွားရောက်လိုပါက ပြည်မဝင်ခင် ကိုဗစ်မရှိကြောင်းစစ်ဆေးထားသည့်အထောက်အထားများပြသကြရသော်လည်း ယခုချိန်တွင်ကိုဗစ်ဖြစ်ပွားမှု လျော့ကျသွားသည့်အတွက် ကို‌ဗစ်စစ်ဆေးရန် မလိုတော့ကြောင်းသိရသည်။

 

#tthl #Local_News #ကို‌ဗစ်စစ်ဆေးရန်မလိုတော့
#Yangon_Times