Published-24 August 2023

ကရင်ပြည်နယ်တွင် မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ရာ တည်ဆောက်နေသော ယာယီဘေလီတံတား တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်က မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွား ခဲ့ရာ ယာဉ်သွားလာမှု ယာယီရပ်တန့်ခဲ့ရသောကြောင့် အဆိုပါလမ်းကို ယာဉ်များပြန်လည်သွားနိုင်ရန် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်လမ်းဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ဩဂုတ်လ ၁၀ ရက်မှ စတင်ပြီး ယာယီဘေလီတံ တား တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

တံတား တည်ဆောက်ခြင်းလုပ်ငန်းတွင် ဘတ်ဟိုးယာဉ် (၆)စီး၊ မြေကော်စက် (၂)စီး၊ မြေညှိစက်(ဒိုဇာ) (၁)စီးတို့ဖြင့် ဆောင်ရွက်ခဲ့သည့်အပြင် လမ်းပျက်စီးခဲ့သည့်နေရာ၏ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ယာယီရှောင်ကွင်း မြေသားလမ်း ဖောက်လုပ်ပြီး ကျောက်ကြမ်းနှင့် ကျောက်ချောခင်းခြင်း လုပ်ငန်းကို မြဝတီမြို့ မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊အလျား ပေ ၂၀၀၊ အနံ ပေ ၃၀၊ ထုတစ်ပေခင်းခြင်း၊ ကျောက်ကြမ်းပေါ်တွင် ကျောက်ချောခင်းခြင်း လုပ်ငန်းအား အလျားပေ ၃၀၀၊ အနံပေ ၃၀၊ ထု တစ်ပေ ဆောင် ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ၊ ယင်းနောက် အရှည်ပေ ၇၀၊ အကျယ် ၁၃ ပေ၊ ရှစ်လက်မရှိ ယာယီဘေလီ တံတား တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မြဝတီဘက်ခြင်းမှစတင်၍ ယာယီဘေလီတံတားဖရိန်တပ်ဆင် ခြင်းနှင့် ကြမ်းခင်းသံပြားခင်းခြင်း လုပ်ငန်းများမှာ ဩဂုတ်လ ၂၂ ရက်အထိ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times