#Local_News
Published 31 March 2023

 

 သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်မီးပေးသည့် LNG သင်္ဘောကြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာ သွားပါပြီလို့ သိရသည် ။

 ရန်ကုန်မြို့ကို မီးပေးဖို့အတွက် အဆိုပါ MT CNTIC VPOWER ENERGY သင်္ဘော သည်၂၀၂၀ ပြည့်နှစ်ဧပြီလအတွင်း မလေးရှားနိုင်ငံကနေ ရန်ကုန်မြစ်ဝသို့ ရောက်ရှိလာပြီးနောက်LNG (Liquefied Natural Gas) ဖြင့် သာကေတရှိ ဓာတ်အားခွဲရုံကို မဂ္ဂါဝပ် ၄၀၀ နဲ့ သန်လျင်ရှိ မဂ္ဂါဝပ် ၃၅၀ ဓာတ်အားပေး စက်ရုံတွေကို ဓာတ်အား ချိတ်ဆက်ပို့လွှတ်ကာ  လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းရန် ပံ့ပိုး လုပ်ဆောင်ခဲ့သည်။

 

အဆိုပါ သင်္ဘောကြီးသည် ၂ နှစ်နဲ့ ၄လကျော်အကြာ မတ်လ၃၀ ရက်နေ့မှာတော့ ရန်ကုန်သီလဝါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွါသွားပြီ ဖြစ်ပါသည် ။

 

ymg/ppk

#LNG ဂတ်စ် #လျှပ်စစ်ဓာတ်အား #သင်္ဘောကြီး #ရန်ကုန်
#YMG #Yangon_Media_Group