#Local_News
Published 31 March 2023

 

မြန်မာရေလုပ်သား ငါးဦးပါ ငါးဖမ်းလှေတစ်စီးကို မလေးရှားရေပိုင်နက်တွင် မလေးရှားပင်လယ်ရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ(မလေးရှားပင်လယ်ရေကြောင်းပို့ဆောင်ရေးအေဂျင်စီ) က မတ်လ ၂၉ ရက် ညအချိန် ဖမ်းမိခဲ့ကြောင်း သိရသည်။

 

ပီနန်းပြည်နယ် ရေကြောင်းညွန်ကြားရေးမှူးဌာနမှ ပုံမှန်လှည့်ကင်းဆောင်ရွက်နေစဉ်ဒေသတွင်း ဒေသခံ C အတန်းအစား ငါးဖမ်းသင်္ဘောတစ်စင်းကို မလေးရှားရေကြောင်းကင်းလှည့်သင်္ဘောမှ တွေ့ရှိခဲ့ရာက အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Perak ၊ Pantai Remis အခြေစိုက်ဒေသခံ ငါးဖမ်းစက်လှေကို Muka Head ၏ အနောက်မြောက်ဘက် ရေမိုင် ၃၂ ဒသမ ၇မိုင်တွင် စစ်ဆေး ထိန်းသိမ်းခဲ့ပြီး ယင်းလှေ၏ ရေယာဉ်မှူးတစ်ဦး အပါအဝင် မြန်မာနိုင်ငံသား ငါးဦးကိုတွေ့ရှိရသောကြောင့်လှေပေါ် လိုက်ပါသူများအား စစ်ဆေးရာ တရားဝင် သက်သေခံအထောက်အထား၊ စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာမရှိကြောင်း သိရသည်။

 

ယင်းကြောင့် လှေလိုင်စင် စည်းကမ်းဖောက်ဖျက်ကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ယင်းတို့အားလုံးကို မလေးရှား ပင်လယ်ရေကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိထံ မလွှဲပြောင်းမီ Batu Maung Limbongan ဆိပ်ခံတံတားတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊အရင်က ဖမ်းဆီးခြင်း နှင့် သတိပေးချက်များကို လိုက်နာခြင်းမရှိသူများဖြစ်နေပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်းလည်း မလေးရှား ရေကြောင်းသွားလာရေးက အသိပေးထားသည်။

 

ymg/mt
#မြန်မာရေလုပ်သား #ငါးဖမ်းလှေ #မလေးရှား #ရေပိုင်နက်
#YMG #Yangon_Media_Group