#LocalNews
Published_ 28March 2023

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် ယနေ့ မတ်လ ၂၈ ရက် မွန်းလွဲ ၁နာရီ ၂၃ မိနစ်ခန့်က လှုပ်ခတ်ခဲ့သည့် ငလျင်ကို ရန်ကုန်နေပြည်သူများ သိသိသာသာ ခံစားခဲ့ကြရကြောင်း သိရသည်။

ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက်(၂၁)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (မှော်ဘီမြို့၏ အနောက်မြောက်ဘက် (၁၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇ ဒသမ ၂၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅ ဒသမ ၈၅) ဒီဂရီ၊ အနက် (၁၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလကထုတ်ပြန်ထားသည်။

ယင်းငလျင် လှုပ်ခတ်သည်ကို မြို့နယ်အများအပြားတွင် ခံစားရကြောင်း လူမူကွန်ယက်စာမျက်နှာတွင် ပြောဆိုရေးသားနေကြသည်များလည်း ရှိနေသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်ကလည်း စစ်ကိုင်းဒေသကြီးဖောင်းပြင်မြို့အနီးတွင် အင်အား ရစ်စချ်စတာစကေး ၄ ဒဿမ ၆အဆင့် ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမူဦးစီးဌာနမှသိရသည်။

ymg/ynzw
#Yangon_Media_Group