#LocalNews
Published_ 28March 2023

 

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ဝင်းဘရားသားမှန်အလူမီနီယံဆိုင်ရှေ့တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲအဖွဲ့ လက်လုပ်ဗုံးဖြင့်ပစ်ခံရသောကြောင့် ရဲမေတစ်ဦး ဒဏ်ရာရသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ယနေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က ယာဉ်လမ်းရှင်းပေးနေသော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား တာမွေခုန်းတံတားပေါ်မှ နစက ဆန့်ကျင်သူများက လက်လုပ်ဗုံးဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်းသိရသည်။

ယာဉ်ထိန်းတပ်ကြပ်ကြီးတင်မင်းနှင့်တပ်ဖွဲ့ဝင်နှစ်ဦးတို့ လမ်းရှင်းနေစဉ် တာမွေခုန်းကျော်တံတားပေါ်မောင်းနှင်လာသော စိစစ်ဆဲကားပေါ်မှ အဖျက်လုပ်ငန်းများလုပ်ကိုင်နေသူများအနေဖြင့် လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သောကြောင့် တာဝန်ဆောင်ရွက်နေသည့် ရဲမေ စုစန္ဒီစိုး၏ လက်ဝဲပုခုံးထိမှန်ပေါက်ပြဲဒဏ်ရာရခဲ့ကြောင်း၊သို့သော်လည်း ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group