#LocalNews
Published_ 14 March 2023

 

သရုပ်ဆောင်မင်းရာဇာနှင့် ဇနီး ၊ ယင်းတို၏မန်နေဂျာ တို အလုပ်ကြမ်း နှင့် ထောင်ဒဏ်၅ နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်

 

သရုပ်ဆောင်မင်းရာဇာနှင့် ဇနီး ဖူးငုံပွင့်နှင့် မင်းရာဇာမန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေးတိုကို ပုဒ်မ (၃၂၆) အပြင်းအထန်နာကျင်စေမှုဖြင့် မြောက်ဥက္ကလာပတရာရုံးက အထက်ပါအတိုင်း ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။

 

၎င်းတိုအဖမ်းခံရပြီး အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးအား သက်ငယ်မုဒိမ်းပြုကျင့်မှု၊ အပြင်းအထန်နာကျင်စေမှုများဖြင့် တရားရင်ဆိုင်နေရာမှ ပြီးခဲ့သည့် ၂၀၂၁ တွင် အမှုများပိတ်သိမ်းခဲ့သည့်အပေါ် အဆိုပါအမှုကို မပိတ်သိမ်းသင့်ကြောင်း ပြန်လည် လျှောက်ထားခဲ့ကြပြီးနောက် တရားရုံးက အမှုကို အစက ပြန်လည်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

သရုပ်ဆောင်မင်းရာဇာ အနေဖြင့် သက်ငယ်မုဒိမ်းမှုကို ခရိုင်တရားရုံးတွင် ဆက်လက်ရင်ဆိုင်သွားရမှာဖြစ်ပြီး အဆိုပါ အမှုအတွက်လည်း သီးခြားပြစ်ဒဏ် ချမှတ်ခံရနိုင်သေးကြောင်းလည်း သိရသည်။

 

ymg/mt
Yangon_Media_Group