#Local_News
Published_ 14 March 2023

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးနှင့် အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို နစက ဆန့်ကျင်အဖွဲ့က Drone ယာဉ်များ အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ရုံးဝန်ထမ်း အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

မတ်လ ၁၃ ရက် နံနက် ၁၁ နာရီခန့်က နစက ဆန့်ကျင်သူများက အဆိုပါရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၃ လုံး ပစ်ချတိုက်ခိုက် ခဲ့ရာ ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသား ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၊အလားတူ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးကို နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန် အဆိုပါရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၃ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသား ၁ ဦးသေဆုံး၍ အမျိုးသား ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိကာ ရုံးတံခါးပေါက်မှန် ၈ ချပ် ကွဲအက်ပျက်စီးသွားကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်တွင် သေဆုံးဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ နစက ဆန့်ကျင်သူများအား အမြန်ဆုံးဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြကြောင်း သိရသည်။

 

#ymg/mt #Local_News #နွားထိုးကြီး #Drop Bomb #သုံးဦးဒဏ်ရာရ #YMG #Yangon_Media_Group