#Local_News
Published-1 March 2023


ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာပမြို့နယ်၊ စာတိုက်မှတ်တိုင် မီးပွိုင့်အနီးတွင် ဖေဖော်ဝါရီလ ၂၈ရက် ညပိုင်းက အငှားယာဉ်တစ်စီး မီးလောင်မှုဖြစ်ခဲ့ပြီး ယာဉ်မောင်းသေဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးရှိခဲ့ကြောင်း ရွှေရောင်တွဲလက်ပရဟိတအသင်းက သိရသည်။

 

တောင်ဥက္ကလာမြို့နယ်၊ အမှတ်၇ ရပ်ကွက်၊ သစ္စာလမ်း၊ စာတိုက်မှတ် တိုင်မီးပွိုင့်အနီးတွင် အငှားယာဉ်တစ်ဦး အရှိန်လွန်၍ ခြံစည်းရိုးကိုဝင်တိုက်မိကာ ဂတ်စ်အိုးပေါက်ကွဲ၍ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"Taxi က အရှိန်မထိန်းနိုင်ဘဲ ခြံစည်းရိုးကိုဝင်တိုက်မိတာ။ အဲဒီမှာ CNG အိုး ပေါက်ကွဲပြီး မီးလောင်တာ။ မီးလောင်တာ မိနစ်ပိုင်းအတွင်းပါပဲ"ဟု ပရဟိတအသင်းဝင်တစ်ဦးက ဆိုသည်။

 

မီးလောင်မှုဖြစ်ရာနေရာသို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရွှေရောင်တွဲလက်ပရဟိတအသင်းနှင့် အခြားလူမှုကူညီရေးအသင်းဝင်များ သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် Taxi ယာဉ်မောင်းမှာ အခင်းဖြစ်ရာနေရာ၌ပင်သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါအခြားအမျိုးသားတစ်ဦးမှာလည်း စိုးရိမ်ရသည့်အခြေအနေရှိပြီး စံပြဆေးရုံသိုပိုဆောင်ခဲ့ကြောင်း သိရသည်။

 

#ymg/mt #Local_News #Taxi #အရှိန်မထိန်းနိုင်ဘဲ #ခြံစည်းရိုးကိုဝင်တိုက် #ယာဉ်မောင်သေဆုံး #YMG #Yangon-Media-Group