#Local_News
Published _1 March 2023

 

ပုဇွန်တောင် CB ဘဏ်ကိုဝင်၍ သေနတ်အတုနှင့်ဓားပြကာဝင်လာသည့် ဆယ်ကျော်သက် ကလေးနှစ်ဦးအား ဖမ်းမိထားကြောင်း သက်ဆိုင်ရာကသိရသည်။

 

ယနေ့ မတ်လ ၁ ရက် နံနက် ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့သော ယင်းဖြစ်စ‌ဉ်တွင် ငွေကြေးများ ဆုံးရှုံးမှုမရှိခဲ့ကြောင်းလည်းသိရသည်။

 

ပုဇွန်တောင် မြို့နယ် အမှတ် ၇ ရပ်ကွက် ၊ အိမ်အမှတ် (၁၅) ဦးဝဇ္ဇာလမ်းနေ အသက် ၁၅ နှစ် အရွယ်သုထူးအောင်နှင့် အမှတ် (၈)ရပ်ကွက်
အိမ်အမှတ်(၃၉) ဇီဇဝါလမ်း‌နေ အသက် ၁၄ နှစ်အရွယ်သန့်စင်အောင် တို့ဖြစ်ကြောင်း သိရသည်။

 

“ဘဏ်ထဲကို လူငယ်နှစ်ယောက်က ဝင်လာပြီးတော့ ဘယ်သူမှ မလှုပ်နဲ့ လို့ပြောပြီး ပစ္စတိုသေနတ်နဲ့ ဓားမြှောင်ကို ထုတ်ပြခြိမ်းခြောက်တယ်။ သေနတ်ကအတု ဓားကနှစ်လက် အားလုံးကဝိုင်းဖမ်းတာမိသွားရော"ဟု သက်ဆိုင်ရာတာဝန်ရှိသူက ပြောသည်။

#ymg/mt
#Yangon _Media_Group