Published 27 January 2023

နေပြည်တော်၊ ဒက္ခိဏသီရိမြို့ နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်မည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူ ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ(၂၇)နံနက်ပိုင်းက အဆိုပါဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ရတနာ ပလ္လင် တော် နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီမင်္ဂလာအခမ်းအနားသို့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ရေး သြဝါဒါစရိယဆရာတော် နေပြည်တော်၊ ပျဉ်းမနားမြို့ ၊ ပါဠိတက္ကသိုလ်၊ မင်္ဂလာ ဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဘုရားဒါယကာများ တက်ရောက် ကြည်ညို ခဲ့ကြပါတယ်။

 

 အစီအစဉ်အရထို့နောက် ဦးဆောင်ဘုရားဒါယကာ ဦးဆောင်ပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနရှိ ဌာပနာတိုက်တော်တွင်းသို့ ထည့်သွင်းပူဇော်မည့် (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ အဖိုးတန် ရွှေငွေ ကျောက်သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများကို ဌာပနာရွှေသေတ္တာတော်များ အတွင်းသို့ ထုံးတမ်းစဉ်လာ များနှင့်အညီ ထည့်သွင်းပြီး နံ့သာမှုန့်များ ပက်ဖြန်း ပူဇော်ခဲ့ကြပါတယ်။

မင်္ဂလာအချိန်တော်ကျရောက်တဲ့အခါ  ပါဠိဆရာတော်ကြီးနှင့် ဦးဆောင်ဘုရားဒါယကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ဌာပနာတိုက်တော်များအတွင်းသို့ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ဗုဒ္ဓမြတ်စွာ ဘုရား၏ ဇာတာတော်များ၊ အဖိုးတန် ရွှေငွေ ကျောက်သံ ပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ ထည့်သွင်းထားသည့် ဌာပနာ ရွှေသေတ္တာတော်များနှင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်တည် ကဗ္ဗည်းမော်ကွန်းကျောက်စာတော် တို့ကို သတ်မှတ်ဌာပနာတော် နေရာအသီးသီးတွင် ထုံးတမ်းစဉ်လာများနှင့်အညီ သွင်းလှူ ပူဇော်ကြခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ymg/knl

#Myanmar

#Myanmar_Buddhism