#Local_News
Published_ 17 January 2023

 

ရန်ကုန်မြို့ကန်တော်ကြီးရေပြင်အတွင်း ယနေ့ဇန်နဝါရီလ ၁၇ ရက် နံနက်က လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ပရဟိတ လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

 

"ဆံပင်အတုမျောပါလာတယ်ထင်လို့ကြည့်တာ လူသေအလောင်း ဖြစ်နေတယ်"ဟု ယင်းကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

 

သေဆုံးနေသူမှာ အမျိုးသားတစ်ဦးဖြစ်ကြောင်းနှင့် လက်ရှိတွင် မည်သူမည်ဝါဆိုသည်ကို မသိရသေးကြောင်း၊ သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group