#Local_News
Published_17 January 2023

ငွေကြေးဈေးကွက်အတွင်း ဈေးကမောက်ကမဖြစ်အောင် လှုံ့ဆော်သူတွေကို သိရှိပါက ငွေလွှဲကောင်တာတွေအနေဖြင့် အချက်အလက်ပေးပ့ိုပြီး အကြောင်းကြားရန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ မှ On-site တွေ့ရှိချက်များ၊ AML/CFT ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်း၍ Money Changer လိုင်စင်ရဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ငွေလဲကောင်တာတွေအနေဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ဥပဒေနှင့် စည်းကမ်းတွေကို လိုက်နာရန် ဗဟိုဘဏ်မှ အသစ်ထုတ်ပြန်လိုက်သည့် မူဝါဒတွေကို သိရှိရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

 

ယင်းအပြင် ငွေလဲလုပ်ငန်းတွေသည် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ပါဝင်ဆောင်ရွက်နေသူတွေဖြစ်သည့်အတွက် ငွေကြေးဈေးကွက်ကို ကမောက်ကမဖြစ်အောင်၊ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှုတွေကို သတင်းအချက်အလက်ပေးပို့တိုင်ကြားရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

#ymg/sth
#Yangon_Media_Group