Published 11 Jan 2023

ကမ္ဘောဒီးယားအကြီးတန်းအရာရှိတစ်ဦးဟာ အာဆီယံအတွင်းရေးမှူးချုပ်တာဝန်ကို စတင်ထမ်းဆောင်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးဝန်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ကောင်းကင်မ်ဟွန်း Kao Kim Hourn ဟာ အာဆီယံအဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ်တာဝန်ကို ဘရူးနိုင်းထံကနေ လွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။

“ အာဆီယံရဲ့ အရေးကြီးတဲ့သမိုင်းမှာ နောက်စာမျက်နှာဟာ စိန်ခေါ်မှုတွေ၊အခွင့်အလမ်းတွေနှစ်ခုစလုံးပါဝင်တဲ့ အသစ်နှင့်ထွန်းသစ်စ ဦးတည်မှုတွေကနေ ပုံဖော်ပေးပါလိမ့်မယ်” လို့ ကောင်းက ပြောပါတယ်။

အဖွဲ့ဝင်တွေသာညီညွတ်ရင် အာဆီယံဟာ ဘာတစ်ခုကိုမျှ မအောင်မြင်စရာမရှိဘူး လို့လည်း သူကပြောပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ်တာဝန်လွှဲပြောင်းပွဲကို တနင်္လာနေ့တုန်းက ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာရှိတဲ့ အာဆီယံ ရုံးချုပ်မှာ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်ဟောင်း လင်မ်ဂျုပ်ဟွိုင်ကလည်း အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီ နှင့်အတူ တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး တင်းမာတဲ့သဘောထားရပ်တည်ဖို့အတွက် အာဆီယံနိုင်ငံတွေအကြား သဘောထား ကွဲပြားမှုတွေရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနှင့်မလေးရှားတို့က တင်းမာတဲ့သဘောထားရှိကြပြီး ကမ္ဘောဒီးယားနင့်ထိုင်းတို့က ဖြန်ဖြေစေ့စပ်ပေးလိုတဲ့ သဘောထားရှိနေခဲ့ကြတာဖြစ်ပါတယ်။

Source:NHK

#Kao_Kim_Hourn

#Secretary_General_ASEAN

#ASEAN_Myanmar