Published 16 May 2022

ဒါဇင်ကျော်ရှိတဲ့ နိုင်ငံတွေက လာကြတဲ့ အာရှအမေရိကန်တွေရဲ့ အမေရိကန်နိုင်ငံ အတွေ့အကြုံတွေဟာ  သူတို့ရဲ့ ဇာတိ နိုင်ငံ   တွေပေါ်မူတည်ပြီး ပြက်ပြက်ထင်ထင် ကွဲပြားခြားနားကြတယ်လို့ အမေရိကန်ရဲ့  Axios မီဒီယာက  ရေးသား  လိုက်ပါတယ်။

အများအားဖြင့်တော့ အာရှအမေရိကန်တွေဟာ ပညာကောင်းကောင်းတတ်ကြပြီး ချမ်းသာအောင်မြင်ကြတယ်လို့ ပြည်တွင်း စစ်တမ်းတစ်ခုကိုအခြေခံရေးထားတဲ့ အဆိုပါသတင်းအရသိရပါတယ်။

ပျှမ်းမျှအားဖြင့် အာရှအမေရိကန်တွေဟာ သာမာန်အမေရိကန်တွေထက် ပိုပြီးချမ်းသာပြီး ပညာတတ်ကြပုံရပါတယ်။ ဒါပေမယ့် သူတို့ဟာ လူမျိုးရေးခွဲခြားမှု၊ရန်လိုမှုနှင့် အကြမ်းဖက်မှုတွေကို အဖန်တလဲလဲခံစားနေကြရတယ်လို့ အင်ဒီရာနာ တက္ကသိုလ်ရဲ့ သမိုင်းပါမောက္ခ အယ်လင်ဝူက ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ အာရှအမေရိကန်တွေရဲ့ လူဦးရေဟာ ၂၀၀၀ပြည့်နှစ်ကနေ ၂၀၁၉ခုနှစ်အတွင်း နှစ်ဆတိုးလာပြီး စုစုပေါင်း ၂၂သန်းအထိရှိလာပါတယ်။ အမေရိကန်မှာ အာရှအမေရိကန်လူဦးရေဟာ တိုးပွားမှုအများဆုံးအုပ်စုဖြစ်ပါတယ်။ သူတို့ရဲ့ တိုးပွားနှုန်းဟာ လူဖြူ၊လူမည်းနှင့် လက်တင်အမေရိကန်တွေထက်ပိုများနေပါတယ်။ ၂၀၆၀ပြည့်နှစ်မှာ ၄၆သန်းအထိရှိလာ လိမ့်မယ်လို့ ပျူးသုတေသနစင်တာ Pew Research Center ရဲ့ စစ်တမ်းအရသိရပါတယ်။

သူတို့အားလုံးဟာ မတူညီတဲ့ ဘဝတွေနှင့်စခဲ့ကြတယ်လို့ အဲဒီစင်တာရဲ့ တွဲဖက်ညွှန်ကြားရေးမှူး နေးလ်ရုစ်ကပြောပါတယ်။ ဥပမာအားဖြင့် အိန္ဒိယလူမျိုးတွေဟာ အမေရိကန်ကို H-1Bဗီဇာနှင့် နည်းပညာကုမ္ပဏီတွေမှာ လစာကောင်းကောင်းအလုပ် ရလို့ ရောက်လာကြတယ်။သူတို့ဟာ မြန်မာနိုင်ငံက လာတဲ့ ဒုက္ခသည်တွေထက် ဆွေစဉ်မျိုးဆက်ချမ်းသာကြွယ်ဝတဲ့ဘဝ တည်ထောင်ရာမှာ အများကြီးလွယ်ကူကြတာတွေ့ရတယ်လို့သူကပြောပါတယ်။ အမေရိကန်နိုင်ငံမှာ  အာရှအမေရိကန် ပျှမ်းမျှမိသားစုတစ်စုရဲ့တစ်နှစ်ဝင်ငွေဟာ ဒေါ်လာ ၈၅၈၀၀ရှိပြီး ကောလိပ်ဒီဂရီရသူဟာ ၅၄ ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမယ့် အိန္ဒိယ၊ဖိလစ်ပိုင်နှင့် သီရိလင်္ကာလူမျိုးတွေပဲ အဲဒီပျှမ်းမျှရဲ့အထက်မှာရှိကြပါတယ်။ အများစုဟာ ပျှမ်းမျှအားဖြင့် ကောလိပ်ဘွဲ့ရနှုန်းရဲ့ အောက်မှာရှိနေကြတယ်။

မြန်မာလူမျိုးတွေဟာ လူဦးရေစုစုပေါင်း ၁.၈၉သိန်းရှိပါတယ်။ မြန်မာအိမ်ထောင်စုတစ်စုရဲ့ ပျှမ်မျှဝင်ငွေဟာ ဒေါ်လာလေးသောင်းလေးထောင့်လေးရာရှိပြီး ကောလိပ်ဒီဂရီဘွဲ့ရသူဟာ ၂၃ ရာခိုင်နှုန်းရှိတယ်လို့ စစ်တမ်းအရသိရပါတယ်။

(အာရှနိုင်ငံအလိုက် နှိုင်းယှဉ်ချက်ဇယားများပူးတွဲဖော်ပြထားပါတယ်)

အုပ်စုတော်တော်များများဟာ လျစ်လျူရှုခံနေကြရ ပစ်ပယ်ခံနေကြရပါတယ်လို့ အရှေ့တောင်အာရှအရင်းအမြစ်လှုပ်ရှားမှု စင်တာရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ကုယင်ဒင်းက ပြောပါတယ်။

အာရှအမေရိကန်တွေဟာ တရားဝင်လူနည်းစုအုပ်စုတွေဖြစ်ပြီး သူတို့ဟာ လူမျိုးရေးဘာသာရေးအနှိမ်ခံရတာကို ကျော်လွှားရေးကျင့်စဉ်တွေနှင့် မတူကွဲပြားမှုဦးစီးဦးရွက်ကိစ္စတွေမှာ ပါဝင်ဖို့ထိုက်တန်သူတွေဖြစ်တယ်ဆိုတာကို  လူတွေက သိပ်ပြီး လက်မခံ ချင်ကြဖြစ်နေပါတယ်။ဥပမာအားဖြင့် အရှေ့တောင်အာရှရဲ့ ၃၀ရာခိုင်နှုန်းဖြစ်တဲ့ ကမ္ဘောဒီးယား၊ဗီယက်နမ် နှင့် လာအိုလိုနိုင်ငံတွေပါဝင်တဲ့ ဒေသကလာသူတွေဟာ အထက်တန်းကျောင်းဒီဂရီဘွဲ့မရကြပါဘူး။

ကျွမ်းကျင်သူတွေဟာ လတ်တလောအဖြစ်များလာတဲ့ အာရှသားဆန့်ကျင်ရေးအကြမ်းဖက်မှုတွေကြားထဲမှာ မျှော်လင့်ချက် တစ်စွန်းတစ်စကို တွေ့ကြပါတယ်။အာရှအမေရိကန်အသိုက်အဝန်းအပေါ် အာရုံစိုက်မှုအသစ်တွေရှိလာတာဖြစ်ပါတယ်လို့ ဒင်းကပြောပါတယ်။

ကြောက်ရွံစရာကိစ္စတွေက အမြဲဖြစ်နေတယ်လို့ ဝူက ပြောပါတယ်။ ဒါပေမယ့် အာရှသားတွေဟာ အချက်အလက်တွေစုပြီး ဘာဖြစ်နေတယ်ဆိုတာတွေကို မှတ်တမ်းတင်နေကြတယ်။ အာရှဂျာနယ်လစ်တွေကလည်း ဒီဇာတ်လမ်းတွေကိုပုံကြီးချဲ့နေကြ တယ်လို့ သူကဆက်ပြောပါတယ်။

အမေရိကန်နိုင်ငံရှိ အာရှသား လူဦးရေ

တရုတ်/တိုင်ဝမ် ၅.၄ သန်း

အိန္ဒိယ-၄.၆သန်း

ဖိလစ်ပိုင် ၄.၂ သန်း

ဗီယက်နမ်-၂.၂သန်း

ကိုရီးယား-၁.၉သန်း

ဂျပန်-၁.၅သန်း

ပါကစ္စတန်-၅.၅၄သိန်း

ထိုင်း-၃.၄၃သိန်း

ကမ္ဘောဒီးယား- ၃.၃၉သိန်း

Hmong- ၃.၂၇သိန်း

ဘင်္ဂလားဒေ့ရှ် -၂.၀၈ သိန်း

နီပေါ- ၁.၉၈သိန်း

#မြန်မာ-၁.၈၉သိန်း

အင်ဒိုနီးရှား -၁.၂၉သိန်း

သီရိလင်္ကာ- ငါးသောင်းခြောက်ထောင်

မလေးရှား-သုံးသောင်းရှစ်ထောင်

မွန်ဂိုလီးယား-နှစ်သောင်းခုနှစ်ထောင်

ဘူတန်-နှစ်သောင်းလေးထောင်

 

အာရှသားတို့၏ အိမ်ထောင်စုဝင်ငွေနှင့် ပညာရေးအဆင့်(ကောလိပ်ဒီဂရီရ)

အိန္ဒိယ- ဒေါ်လာ ၁.၁၉သိန်း -၇၅ %

ဖိလစ်ပိုင်- ဒေါ်လာကိုးသောင်းလေးရာ-၄၈%

သီရိလင်္ကာ- ဒေါလာ ရှစ်သောင်းငါးထောင်-၆၀%

ဂျပန်-ဒေါ်လာရှစ်သောင်းသုံးထောင်-၅၂%

တရုတ်-ဒေါ်လာ ရှစ်သောင်းတစ်ထောင့်ခြောက်ရာ-၅၇%

အင်ဒိုနီးရှား-ဒေါ်လာရှစ်သောင်း-၅၃%

ပါကစ္စတန်-ဒေါ်လာ ခုနှစ်သောင်းရှစ်ထောင်-၅၇%

ကိုရီးယား-ဒေါ်လာ ခုနှစ်သောင်းနှစ်ထောင့်နှစ်ရာ-၅၇%

ဗီယက်နမ်-ဒေါ်လာခြောက်သောင်းကိုးထောင်ရှစ်ရာ ၃၂%

Hmong-ဒေါ်လာခြောက်သောင်းရှစ်ထောင်-၂၃%

ကမ္ဘောဒီးယား-ဒေါ်လာခြောက်သောင်းခုနှစ်ထောင်-၂၁%

ထိုင်း-ဒေါ်လာခြောက်သောင်းသုံးထောင်-၄၅%

လာအို-ဒေါ်လာခြောက်သောင်းတစ်ထောင်-၁၇%

ဘင်္ဂလားဒေ့ရှ်-ဒေါ်လာငါးသောင်းကိုးထောင်ငါးရာ-၄၉%

နီပေါ-ဒေါ်လာငါးသောင်းငါးထောင်-၄၅%

#မြန်မာ-ဒေါ်လာ လေးသောင်းလေးထောင်လေးရာ-၂၃%

ဘူတန်-ဝင်ငွေမသိ- ၁၅%

မလေးရှား-ဝင်ငွေမသိ-၆၅%

မွန်ဂိုလီးယား-ဝင်ငွေမသိ-၆၀%

 Source axios.com