#WorldNews

Published: 1 December 2021

မီချီဂန်အထက်တန်းကျောင်းတစ်ကျောင်းမှာ နိုဝင်ဘာ ၃၀ရက်က အသက်၁၅နှစ်အရွယ်ကျောင်းသားက semi-automatic handgun သေနတ်နှင့် ပစ်ဖောက်တဲ့အတွက် ကျောင်းသူကျောင်းသား(၃)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီ ကျောင်းသားကိုလည်း သိပ်မကြာခင် ဖမ်းဆီးရမိလိုက်ပါတယ်။

ဘာကြောင့် သူဒီလိုလုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူးလို့ အရာရှိတွေကပြောပါတယ်။

အသတ်ခံရတဲ့သူတွေက အသက် ၁၆နှစ်အရွယ် ကျောင်းသားတစ်ဦး၊ အသက် ၁၇နှစ်အရွယ်နှင့် ၁၄နှစ်အရွယ်ကျောင်းသူ နှစ်ဦး စုစုပေါင်းသုံးဦးဖြစ်ကြပါတယ်လို့ လက်ထောက်ရဲအရာရှိ မိုက်ကယ်လ် မက်ကဘေးက ပြောပါတယ်။

ဒဏ်ရာရတဲ့ (၈)ဦးအထဲမှာ နှစ်ဦးကို ခွဲစိတ်ကုသနေပြီး ကျန်(၆)ဦးမှာ အခြေအနေတည်ငြိမ်မှုရှိနေကြပါတယ်လို့ သူက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းသားဟာ အထက်တန်းဒုတိယနှစ်ကျောင်းသားဖြစ်ပြီး တစ်ဦးတည်းလုပ်ဆောင်တာဖြစ်ပုံရပါတယ်။ သေနတ်ကို အချက်ပေါင်း၁၅ချက်ကနေ အချက်၂၀အထိ သူပစ်ဖောက်အပြီးမှာ သူဟာ ခုံခံခြင်းမရှိဘဲ အဖမ်းခံပါတယ်။

အဖြစ်အပျက်အစအဆုံးဟာ ငါးမိနစ်လောက်ပဲကြာတယ်လို့ ရဲအရာရှိကပြောပါတယ်။

သူ့မိဘတွေက စကားမပြောဖို့ အကြံပေးခံရပြီးနောက် အဲဒီကျောင်းသားဟာ ဘာတစ်ခုမှ ထုတ်မပြောဘဲ ရှေ့နေတစ်ဦးကိုသာ သူ့ရဲ့ရပိုင်ခွင့်အဖြစ် တောင်းဆိုခဲ့ပါတယ်။

“သူတို့ရဲ့ချစ်ရတဲ့သူတစ်ဦးဦး မယုံကြည်နိုင်စရာ ဆုံးရှံးလိုက်ရတဲ့ မိသားစုတွေအတွက် အထူးဝမ်းနည်းကြေကွဲရပါတယ်” လို့  မင်နီဆိုတာ နည်းပညာကောလိပ်တစ်ခုကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကို ပြောပါတယ်။

ဒါဟာ  ကျွန်တော်တို့ဖြေရှင်းဖို့လိုနေတဲ့ အမေရိကန်ရဲ့ဖြစ်နေကျ ပြဿနာတစ်ခုဖြစ်တယ်” လို့ အခင်းဖြစ်ပွားနေရာ ရောက်လာတဲ့ မီချီဂန်အုပ်ချုပ်ရေးမှူး ခရက်ချန်းဝှိုက်မားက ပြောပါတယ်။

ကျောင်းသူကလေး အက်ဘေးဟောဒါက ဓာတုဗေဒအတန်းကို သူမတက်နေတုန်း မှန်ကွဲသံတွေကြားလိုက်ရတယ်လို့ ပြောပါတယ်။

သူ့ဆရာ အပြင်ပြေးထွက်သွားပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ အဲဒီနောက်အတန်းထဲက ခုန်တွေကိုတွန်းကြတယ်။ ဒါဟာ အရေးကြုံလာရင် အရန်အတားလုပ်ရတဲ့ ကျောင်းရဲ့လုပ်ဆောင်ရမယ့် အလုပ်တစ်ခုဖြစ်ပါတယ်လို့လည်း သူမက ပြောပါတယ်။

Source Reuters